77.
နှစ်မကုန်ခင်မှာပင် မြို့အတွင်းသတင်းကောင်း တစ်ခုပြန့်လို့နေ၏။ မကြာခင်ကပြောင်းရွှေ့လာသည့် ဝမ်ရယ် မင်္ဂလာဆောင်တော့မည်ဟု...
မင်းသားအိမ်တော်တွင်လည်း လဝက်ခန့် စတုဒီသာကို ထမင်းရည်ချောင်းစီးဧည့်ခံကျွေးမွေးခဲ့ပြီး မြို့လုံးကျွတ် လာရောက်အားပေးကြ၏။
အထည်ဆိုင်ပိုင်ရှင်မှ လမ်းဘက်လှည့်ကာ အလုပ်မလုပ်ပဲအတင်းတုပ်နေ၏ "ဝမ်ဖေးက ဘယ်လိုပုံလဲသိလား?"
ဘေးချင်းကပ် အထည်ချုပ်ဆိုင်ပိုင်ရှင်က "အိုက်ယားး အနီရောင်ပုဝါဆောင်းထားတော့ ရုပ်ကိုမမြင်ခဲ့ရဘူးအေ။ ဒါပေမယ့် အဲ့ဒီ 'ဇနီးသည်'လေးရဲ့အရပ်ကလေ.. ကျွတ်စ်.. ကျွတ်စ်.. ကျွတ်စ်.. ဝမ်ရယ့်ထက်တောင်ပိုရှည်သေးတယ်"
အထည်ဆိုင်ပိုင်ရှင်လည်းအံ့သြသွားပြီး သက်ပြင်းအခါခါချကာ "ဝမ်ရယ့်အကြိုက်ကလည်း ထူးဆန်းပါပေ့အေ"
ထိုအချိန်တွင် အနီရောင်ပုဝါခြုံထားသော 'ဇနီးသည်လေး'မှာ ရှောင်ဝမ်ရယ့်အား မင်္ဂလာသေရက်သောက်ရန်စားပွဲဆီဦးဆောင်ခေါ်သွား၏။ ရှောင်ဝမ်ရယ်မှာ ရင်ဘတ်တွင် ဆူးပန်းအကြီးကြီးပါသော အနီရောင်မင်္ဂလာဝတ်စုံကိုဝတ်ဆင်ထားပြီး သူ၏ သေးငယ်ပြီး ဖြူဝင်းသော မျက်နှာကလေးမှာ ပီတိအပြည့်နှင့် ပြုံးရွှင်နေ၏။
မင်္ဂလာသေရက်သောက်ကြရာတွင် ရှောင်ဝမ်ရယ် ဖန်ခွက်ကိုင်ကာ သောက်လိုက်မည်အပြု နှုတ်ခမ်းများဖြင့်ထိလုထိခင် ဘေးတွင်ရပ်နေသောလူမှ ဆွဲယူသွားကာ ပုဝါအောက်ယူပြီး တစ်ကြိုက်တည်းမော့လိုက်၏။
လူအုပ်ကြီးမှာ အံ့အားသင့်သွားပြီး ချီးကျူးကြကုန်သည် "ကောင်းကောင်းသောက်နိုင်တာပဲဟေ့!တကယ်တော်တဲ့ အမျိုးကောင်းသမီးပဲဟ!"
အနီရောင်ပုဝါအောက်ရှိသူ ဝိုင်သီးသွားတော့သည်။
78.
လဝက်ကြာကျင်းပခဲ့သောမင်္ဂလာပွဲမှာ နောက်ဆုံးတော့အဆုံးသတ်သွားခဲ့ပြီ။ ညနေခင်းရောက်သည့်အခါ ရှောင်ဝမ်ရယ် လေးလံလှသည့်အနီရောင်မင်္ဂလာဝတ်ရုံကိုချွတ်လိုက်ပြီး ခုတင်အစွန်းထိုင်ကာ
ခြေဖဝါးကိုနှိပ်နယ်ရင်း တဗျစ်တောက်တောက်ပြောနေ၏ "နောက်ဆိုရင် မင်္ဂလာဆောင်ဆို စတုဒီသာကျွေးတာတော့တော်ပါပြီ။ အရမ်းပင်ပန်းတယ်"
ŞİMDİ OKUDUĞUN
Little Nine | ဘာသာပြန် [Completed]
Tarihi KurguXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...