Chapter 20 (U)

9.9K 1.5K 11
                                    

67.

ရှောင်ဝမ်ရယ် အချိန်ကြာမြင့်စွာ စာရွက်ကိုကိုင်ပြီး အခေါက်ခေါက်အခါခါဖတ်နေ၏။ စာလုံးလေး လေးလုံးပင်ဖြစ်သော်လည်း သူဖတ်မဝနိုင်။

ချောင်ချောင်လည်း အလွန်စိတ်ဝင်စားသွား၍ ကြည့်ချင်လာပြီး ရှောင်ဝမ်ရယ့်အတွက် ရေငှဲ့ပေးရင်း "ဝမ်ရယ် ဘာတွေများကြည့်နေတာလဲ?"

ရှောင်ဝမ်ရယ် လျင်မြန်စွာဖွက်လိုက်၏။

စာရွက်ကိုခေါက်ပြီး အင်္ကျီလက်ထဲပြန်ထည့်ကာ ချောင်းဟန့်လိုက်ပြီး "ဘာပညာသားမှမပါတဲ့ စာတစ်စောင်ပါ။ စာလုံးတွေကိုလည်းကောင်းကောင်းရေးမထားဘူး။ ဖတ်ဖို့မတန်ပါဘူး"

ချောင်ချောင် အမှန်တကယ်ယုံသွားကာ ရေနွေးကိုယူပြီး ပြန်ထွက်သွား၏။ သူမတံခါးကိုပိတ်လိုက်သည်နှင့် ရှောင်ဝမ်ရယ် 'ထိုဖတ်ဖို့မတန်သည့်' စာကို တိတ်တဆိတ်ပြန်ထုတ်ကာ ပြုံးပြုံးကြီးဖတ်နေပြန်၏။

နောက်တစ်ရက်မနက်စောစော ရှောင်ဝမ်ရယ် ခြံတံတိုင်းကိုထိုင်ကြည့်နေသည်။ စာပို့ခိုလေးလာမည်ကို မော့ကာမျှော်နေ၏။ ယန်တာ့ရန်ထံမှ စာတစ်စောင်ထပ်ရောက်လာလျှင် သူပြန်စာရေးမည်ဟုတွေးလိုက်သည်။

သူ နေဝင်သည်အထိစောင့်နေသော်လည်း စာမှာရောက်မလာ။

ရှောင်ဝမ်ရယ် အနည်းငယ်ယောက်ယက်ခတ်လာသည်။ လက်နှစ်ဖက်နောက်ပစ်ကာ ခြံထဲတွင် အရှေ့မှအနောက်လမ်းလျှောက်နေ၏။ ထိုအချိန် ခြံတံခါးစောင့်ကြပ်နေသော အစေခံကောင်လေးပြေးလာကာပြောလိုက်သည် "ဝမ်ရယ့်ကို သတင်းပို့ပါတယ်! ကျွန်တော် ဟိုဘက်အိမ်ကအိမ်တော်ထိန်းနဲ့ စကားပြောရင်းကြားခဲ့တာ သူတို့အိမ်တော်သခင်ရဲ့ဒဏ်ရာဟောင်းက ရောဂါပြန်ထနေတယ်။ အဖျားလည်းတက်နေပြီး အိပ်ရာထဲလဲနေတာ ရက်အတော်ကြာ..."

အစေခံကောင်လေးမှာ ​စကားပင်ဆုံးအောင်မပြောလိုက်ရ ရှောင်ဝမ်ရယ် လေအလျင်နှင့်ပြေးထွက်သွားသည်ကိုသာမြင်လိုက်ရ၏။

68.

ရှောင်ဝမ်ရယ် ယန်တာ့ရန်အိမ်တော်သို့ စိုးရိမ်တကြီး အပြေးရောက်လာသည်။ အိမ်တော်ထိန်းမှ ဝမ်ရယ့်အားမြင်သောအခါ သူမတားရဲပဲ အိမ်တော်ထဲဝင်ခွင့်ပေးလိုက်၏။

Little Nine | ဘာသာပြန် [Completed]Onde histórias criam vida. Descubra agora