57.
"အနွေးဓာတ် ထပ်လိုသေးတယ်" ရှောင်ဝမ်ရယ် ခပ်တိုးတိုးမသဲမကွဲပြောပြီး စောင်ထဲတိုးဝင်သွားကာ နှာခေါင်းလေးသာဖော်ထား၏။
"ဝမ်ရယ် အိပ်ရာထဲနှစ်ခုတောင်ထည့်ပေးထားတယ်လေ"
ပြောလိုက်သူမှာ 'ချောင်ချောင်'ဟုခေါ်သော အစေခံမိန်းကလေးအသစ်ပေ။ ပုလဲလို စနစ်တကျ သေသေသပ်သပ်မလုပ်ကိုင်တတ်သော်လည်း ကောင်းသည့်အချက်မှာ သူမသည်စကားမများ။
ရှောင်ဝမ်ရယ်နှုတ်ခမ်းဆူကာ "ခြေထောက်တွေအေးနေသေးတယ်"
ထိုသို့ပြောလိုက်ပြီး အလိုမကျဖြစ်သွားကာ တိတ်တဆိတ် တွေးလိုက်သည်: မင်းသား၄အိမ်တော်မှာ ခဏလောက်သွားပုန်းနေတာကောင်းမလား။ နေလို့အဆင်ပြေပြီး နွေးနွေးထွေးထွေးဖြစ်တော့မှ ပြန်လာမယ်လေ...။
ဒုန်း ဒုန်း ဒုန်း
ထိုအချိန် တစ်စုံတစ်ယောက်မှ မင်းသားအိမ်တော် တံခါးကိုလာခေါက်၏။
ရှောင်ဝမ်ရယ် စပ်စုကာခေါင်းလေးပြူထွက်ကြည့်ရင်းမေးလိုက်၏။ "ညကြီးအချိန်မတော် ဘယ်သူများလဲ?"
တံခါးတွင်စောင့်ကြပ်နေသော အစေခံကောင်လေးမှာ ဝင်လာကာပြောလိုက်သည် "ဝမ်ရယ် ယန်ဟန်လို့ခေါ်တဲ့သူ အပြင်မှာရောက်နေပါတယ်။ ဝမ်ရယ်နဲ့တွေ့ချင်တယ်ပြောတယ်။ ဝင်ခွင့်ပေးလိုက်ရမလား?"
ထိုနာမည်ကြားသည့်အခိုက် သူမျက်နှာမှာ တွန့်ချိုးသွား၏။ စောင်ပုံထဲပြန်လှည့်ဝင်သွားကာ ပြောလိုက်သည် "မတွေ့ချင်ဘူး!"
58.
ယန်တာ့ရန် အထဲဝင်ရန် အငြင်းခံလိုက်ရသော်လည်း တုန်လှုပ်မသွား။ သူဒီအခြေအနေကိုကြိုတင်မှန်းဆပြီးသားပင်။
သူစိတ်လောစရာမလို အချိန်တွေအများကြီးရှိသေးသည်မဟုတ်လား။
ယန်တာ့ရန် ရိဝမ်အိမ်တော်အနီးရှိ တည်းခိုခန်းတစ်ခုရှာကာ တည်းခဲ့သည်။ နေ့ညမနား ခရီးနှင်လာခဲ့ရသဖြင့် ပင်ပန်းနွမ်းနယ်နေသည်ကို ကိုယ်လက်ဆေးကြောသန့်စင်ရင်း ဖြေလျော့လိုက်ကာ နောက်တစ်နေ့ ရှောင်ဝမ်ရယ်ထံ ထပ်မသွားခင် စိတ်အနားပေးရန် ကောင်းစွာအိပ်စက်အနားယူလိုက်၏။
BẠN ĐANG ĐỌC
Little Nine | ဘာသာပြန် [Completed]
Tiểu thuyết Lịch sửXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...