21.
ဧကရာဇ်ငယ်လေးလက်ထပ်ပွဲအခမ်းအနားကျင်းပသောအခါ နန်းတော်တစ်ခွင် မီးလုံးများပန်းကုံးများဖြင့်အလှဆင်ထားပြီး အရှေ့နန်းဆောင်သို့ဝင်ထွက်နေကြသူများလည်းအဆုံးမရှိပေ။ ရှောင်ဝမ်ရယ်လည်း မမှောင်ခင်အတွင်းလက်ဆောင်ပဏ္ဍာလာရောက်ဆက်သခဲ့သည်။
သူပြန်ထွက်လာသည့်အခါ ယန်တာ့ရန်အားတွေ့လိုက်ရ၏။ ယန်တာ့ရန်မှာ ဧကရာဇ်ငယ်လေးဘေးအဖော်မပြု။ ထို့အစား အပြင်တွင်တစ်ကိုယ်တည်းသစ်ပင်ကိုခပ်တောင့်တောင်မှီကာ ခပ်တွေတွေငေးငိုင်နေ၏။
ရှောင်ဝမ်ရယ်မှာ အနီရောင်အပေါ်ဝတ် ဝတ်ဆင်ထားပြီးသူပြေးသည့်အခါမီးပုံးတစ်လုံးအလားပင်။ "ယန်ကောကော မပျော်ဘူးလားဟင်"
ယန်တာ့ရန်ကြည့်လိုက်ပြီး ခေါင်းကိုခပ်ဖွဖွထိကာ "ပျော်ပါတယ်"
ရှောင်ဝမ်ရယ်မယုံပေ။ ယန်တာ့ရန်အထီးကျန်နေ သည်မှာသိသာလှသည်။ ရှောင်ဝမ်ရယ်ခန့်မှန်းကာပြောလိုက်၏ "ယန်ကောကောလည်း အသက်မငယ်တော့ဘူးဆိုတော့ မိန်းမမရမှာကိုစိုးရိမ်နေတာလား?"
ယန်တာ့ရန်ခါးသက်စွာပြုံးလိုက်ကာအဖြေမပေး။
ရှောင်ဝမ်ရယ် ဆက်ပြောလိုက်၏: "ယန်ကောကောစိတ်မပူပါနဲ့။ အကို့ကိုအရမ်းသဘောကျနေတဲ့သူရှိပါတယ်။ ဒါပေမယ့်သူအသက်အရမ်းငယ်နေသေးလို့ အကိုကအချိန်အနည်းနည်းစောင့်ပေးပါ။"
ရှောင်ဝမ်ရယ်ပြောပြီးသည့်နှင့် အရှက်သည်းသွား၏။ ကံကောင်းထောက်မစွာညမှောင်နေပြီဖြစ်သဖြင့် မည်သူမှသူ၏နီရဲနေသောမျက်နှာလေးကိုမမြင်လိုက်။
22.
ဧကရာဇ်ငယ်လေး၏မင်္ဂလာပွဲပြီးသည့်အချိန်တွင် တောင်ဘက်နယ်စပ်၌ ပုန်ကန်ထကြွမှုဖြစ်ပွားခဲ့သည်။ ဧကရာဇ်ကြီးမှအင်အားဖြည့်ရန် စစ်တပ်စေလွှတ်ခဲ့၏။ ယန်တာ့ရန်လည်း နယ်စပ်ကိုခုခံကာကွယ်ရန် စစ်သူကြီး၏ကာကွယ်ရေးတပ်ထဲသို့ဝင်ရောက်အမှုထမ်းခဲ့သည်။
ရှောင်ဝမ်ရယ်မှာထိုသတင်းကိုနောက်ဆုံးသိသူပင်၊ ယန်တာ့ရန်မှာနောက်တစ်ရက်တွင်ထွက်သွားတော့မည်..။
ESTÁS LEYENDO
Little Nine | ဘာသာပြန် [Completed]
Ficción históricaXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...