27.
ရှောင်ဝမ်ရယ် ဖိနပ်ထိပ်ကိုငုံကြည့်ကာ ခပ်တိုးတိုးမေးလိုက်၏ "ယန်ကောကော ဒီအတောအတွင်း ကျွန်တော့်ကိုလွမ်းလား"
ယန်တာ့ရန်ဖြေလိုက်သည် "လွမ်းတယ်"
ရှောင်ဝမ်ရယ် နှလုံးသားလေးထဲအတိုင်းမသိပျော်ရွှင်သွားကာ ပါးချိုင့်နှစ်ဖက်ပေါ်အောင်ပြုံးလိုက်၏။
သို့ပေမယ့်ခဏကြာသော် 'လွမ်းတယ်'ဟူသောစကားလုံးမှာ သာမန်ညောင်ညပင်၊ အဝေးတွင်နှစ်ရှည်ကြာစွာနေခဲ့သော ယန်တာ့ရန်အတွက် လွမ်းရမည့်သူတပုံတပင်ရှိပေလိမ့်မည်။ ထိုစကားမှာ ရှောင်ဝမ်ရယ့်အတွက် အထူးသီးသန့်အရေးပါသူဖြစ်ကြောင်း မခံစားရသဖြင့် ထပ်၍မေးလိုက်၏ "ဧကရာဇ်ကောကောနဲ့ကျွန်တော် ဘယ်သူ့ကိုပိုလွမ်းလဲ?"
ရှောင်ဝမ်ရယ် အဖြေကို မျှော်လင့်တကြီးစောင့်ဆိုင်းနေသည်။ သို့သော်လည်း ယန်တာ့ရန် ရုတ်တရက်ခြေလှမ်းရပ်တန့်ကာ တိတ်တိတ်နေရန်အချက်ပေးလိုက်၏။
ရှောင်ဝမ်ရယ် သဘောပေါက်ကာမြန်မြန်ပါးစပ်ပိတ်လိုက်သည်။ ထို့အချိန်မှာပင် မလှမ်းမကန်းမှ စကားသံကိုကြားလိုက်ရသည်။
"ငါအဝေးမှာရောက်နေတုန်း ဒီလိုဖြစ်သွားမယ်ထင်မထားဘူး။ နန်းတော်ထဲမှာလည်း ကောလဟာလတွေပြန့်နေတယ်"။ စကားပြောနေသည့်ပုဂ္ဂိုလ်မှာ နန်းတွင်းတရားရုံးမှပြန်လာသည့် စစ်သူကြီးပင်။ ထိုသူမေးလိုက်သည် "နောက်ကွယ်မှာရှိနေတာ ဘယ်သူတွေလဲသိပြီးပြီလား?"
ပြန်ဖြေလိုက်သူမှာလက်ရှိမိဖုရားဖြစ်၏ "ဧကရာဇ်လည်း ဂရုစိုက်နေပါတယ်။ သတင်းတွေမပေါက်စေရပါဘူး။ ဒါပေမယ့် ဧကရာဇ်က အမတ်ကြီးတာ့ရန်ကို သံသယဝင်နေတယ်ထင်တယ်"
ထိုအချိန်တွင် ဆောင်းဦးလေပြေလေးရုတ်တရက်တိုက်ခတ်သွား၏။ အမှောင်ထဲပုန်းနေသည့် ရှောင်ဝမ်ရယ်မှာ မမျှော်လင့်ပဲနှာခေါင်းယားလာတော့သည်။ ပါးစပ်ကိုပိတ်ကာ အသံတိတ်နှာချေလိုက်၏။
စကားပြောနေသည့်နှစ်ဦးလည်း အသံကြားသွားပြီးစစ်သူကြီးကို သတိပေးလိုက်သကဲ့သို့ဖြစ်သွား၏။ ထို့နောက် "ဘယ်သူရှိလဲ"ဟုဆိုကာ သူတို့ပုန်းနေသည့်ဘက်သို့ ခြေလှမ်းကျဲဖြင့်လျှောက်လာသည်။
ESTÁS LEYENDO
Little Nine | ဘာသာပြန် [Completed]
Ficción históricaXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...