44.
ညနေစောင်းပြီဖြစ်သဖြင့် ရှောင်ဝမ်ရယ် ယန်တာ့ရန်အား အိမ်တော်မှပြန်ခိုင်းလိုက်၏။ သူတို့ခွဲခွာခါနီးတွင် ရှောင်ဝမ်ရယ် ယန်တာ့ရန်အား အလေးအနက်သတိပေးလိုက်သည် "ကျွန်တော် ယန်ကောကောကိုတွေ့ချင်ပေမယ့် ယန်ကောကောဒီကို ခဏခဏမလာသင့်ဘူး။ ကျွန်တော်ဒီနေ့ပြောလိုက်တာတွေကြောင့် ယန်ကောကောကိုထိခိုက်မှာစိုးရိမ်တယ်"
ယန်တာ့ရန် ရှောင်ဝမ်ရယ်၏ခေါင်းလေးကိုပွတ်သပ်ကာ "ဝမ်ရယ် စိတ်ချလက်ချနားလိုက်ပါ။ ကျွန်တော် ဝေးဝေးမသွားပါဘူး"
ရှောင်ဝမ်ရယ့်မျက်လုံးများမှာ တရွေ့ရွေ့ထွက်ခွာသွားသည့် ယန်တာ့ရန်၏ကျောပြင်၌သာရှိနေပြီး သူ့နှလုံးသားလေးထဲ ခံစားချက်ပေါင်းစုံလျှံတက်လာ၏။ ယနေ့ သူယန်တာ့ရန်အား အလုံးစုံဖွင့်ဟပြောလိုက်ခြင်းမှာ သူ၏အသက်ကို အကြင်သူ့လက်ထဲအပ်နှင်းလိုက်ခြင်းပင်...
ယန်တာ့ရန်မှာ အသက်ဆယ်နှစ်မပြည့်မီ နန်းတော်သို့ဝင်ခဲ့ပြီး ဧကရာဇ်နှင့်အတူကြီးပြင်းလာခဲ့သည်။ သံယောဇဥ်အရရော အနေအထားအရပါ ထိုသူရှောင်ဝမ်ရယ့်ဘက်တွင်ရပ်တည်ရန် အကြောင်းမရှိ...
ရှောင်ဝမ်ရယ်မှာ ထိုကဲ့သို့တွေးလိုက်သော်လည်း ယန်တာ့ရန်အပေါ် ဆက်၍ယုံကြည်မြဲယုံကြည်မည်မှာ နှစ်ခါပင်တွေးစရာမလို။ သူ့ကိုယ်သူလည်းတွေးလိုက်သည်: ဒီအတွက်ကြောင့် တနေ့နေ့ဒုက္ခကြုံရရင်တောင် သူနောင်တရလိမ့်မည်မဟုတ်...
လေအေးမှာရုတ်တရက်တိုက်ခတ်သွားပြီး ယန်တာ့ရန်၏ကျောပြင်မှာလည်း ထောင့်ချိုးတစ်ခုတွင် ပျောက်ကွယ်သွား၏။ ရှောင်ဝမ်ရယ် သားမွေးအပေါ်ရုံကို ကိုယ်ပေါ်ခပ်တင်းတင်းဆွဲခြုံကာ အေးစက်နေသောအိမ်တော်ထဲသိို့ အဖော်မဲ့စွာ ပြန်ဝင်သွားတော့သည်။
45.
၁၂လပိုင်းဆောင်းယဥ်စွန်းချိန်အခါ၌ မြို့တော်တွင် ဆီးနှင်းများထူထပ်စွာကျဆင်းပြီး ညတွင်းချင်း တစ်မြို့လုံးဖွေးဖွေးဖြူသွား၏။
ယန်တာ့ရန်လာသည့်အချိန် ရှောင်ဝမ်ရယ်မှာ အစေခံမိန်းမငယ်လေးများနှင့် ခြံဝင်းထဲတွင် နှင်းဘောလုံးများဖြင့် ဆော့ကစားနေကြ၏။ ရှောင်ဝမ်ရယ့်အား နှင်းလုံးထိသွားကာ ခြံထဲဝင်လာသောယန်တာ့ရန်ထံ အသံထွက်ကာရယ်မောပြလိုက်သည်။
![](https://img.wattpad.com/cover/254349392-288-k169884.jpg)
KAMU SEDANG MEMBACA
Little Nine | ဘာသာပြန် [Completed]
Fiksi SejarahXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...