Chapter 10 (U)

8.5K 1.4K 23
                                    

34.

ရှောင်ဝမ်ရယ် ခပ်ကြီးကြီးထန်ဟူလုနှစ်ချောင်းကိုင်ကာ လမ်းမတစ်လျှောက် မြောက်ကြွမြောက်ကြွဖြင့်လျှောက်လာ၏။

သို့ပေမယ့် ကတွတ်သီးမှာမမှည့်သေး။ တစ်ကိုက်ကိုက်လိုက်သည်နှင် အဆမတန်ချဥ်လွန်းသဖြင့် မျက်နှာမှာရှုံ့မဲ့သွားပြီး တစ်ကိုယ်လုံးပင်တုန်တက်သွား၏။

ယန်တာ့ရန်မေးလိုက်သည် "အရသာမရှိဘူးလား?"

ရှောင်ဝမ်ရယ် ထန်ဟူလုကိုမြှောက်ကာ ပြောလိုက်သည် "အစ်ကိုစားကြည့်"

ယန်တာ့ရန် ရှောင်ဝမ်ရယ် လက်ထဲမှထန်ဟူလုကိုတစ်ကိုက်ကိုက်လိုက်ရာ ချက်ချင်းပင် မျက်ခုံးများ တွန့်ချိုးသွား၏။ ထိုအမူအရာကိုမြင်ပြီး ရှောင်ဝမ်ရယ် 'တဟိဟိ'ရယ်မောလိုက်သည်။ ထိုအခါ ယန်တာ့ရန်တွေးမိသည် မျိုချရန်ထင်သလောက်မခက်...

နေဝင်ခါနီးတွင် ယန်တာ့ရန်ရှောင်ဝမ်ရယ်အား နန်းတော်မုခ်ဝအပြင်ဘက်ထိပို့ပေးကာ လှည့်ပြန်လာခဲ့သည်။ သို့သော်လည်း ခြေနှစ်လှမ်းလောက်လှမ်းပြီးသည်နှင့် တစ်စုံတစ်ရာသတိရသွားကာ ခေါင်းပြန်လှည့်လိုက်သည့်အခါ ရှောင်ဝမ်ရယ်မှာ ထိုနေရာမှာတွင်ရပ်ရင်း သူပြန်လှည့်ကြည့်မည်ကို စိတ်လှုပ်တရှားစောင့်ဆိုင်းနေသည်ကို တွေ့လိုက်ရ၏။

ယန်တာ့ရန် ရှောင်ဝမ်ရယ်ဘက်သို့ ပြန်လျှောက်လာပြီး သတိပေးစကားပြောလိုက်၏ "နန်းတော်အပြင်တုန်းက ကျွန်တော်တို့နောက်ကို တစ်ယောက်ယောက် လိုက်လာပုံရတယ်။ ဝမ်ရယ် ဒီအတောအတွင်း သေချာသတိထားနေပါ"

ရှောင်ဝမ်ရယ် ခေါင်းခါရမ်းရင်းပြောလိုက်သည် "ကျွန်တော် အဆင်ပြေပါတယ်"

ယန်တာ့ရန် အသံနှိမ့်ကာပြောလိုက်၏ "ဒီနှိမ့်ပါးတဲ့ အရာခံကို ယုံကြည်ရင် ဘာမှဖုံးကွယ်မထားပါနဲ့။ တွေဝေစရာမလိုပဲ ဘာမဆိုပြောလို့ရပါတယ်"

ရှောင်ဝမ်ရယ် ခဏတွေဝေသွားပြီးအဆုံးမှာ ဤသို့သာပြောလိုက်၏ "နောက်တစ်ခါမှပေါ့.. နော်"

ယန်တာ့ရန် ဆက်မပြောတော့ပေ။ ရှောင်ဝမ်ရယ်ကိုသာ ကြံရာမရကြည့်နေပြီး ဤသို့သိလိုစိတ်များပေါ်လာ၏: ဒီအသက်အရွယ်ထိကြီးပြင်းလာတာတောင် ဒီလူ့နှလုံးသားထဲ တခုခုအပေါ် အကြံအစီရှိရှိ ရယူပိုင်ဆိုင်လိုစိတ်မရှိရတာလဲ...

Little Nine | ဘာသာပြန် [Completed]Where stories live. Discover now