1.
*ရိဝမ်သည် ယခင်ဧကရာဇ်ကြီး၏ သားတော်ကိုးပါးအနက်အငယ်ဆုံးဖြစ်သည်။
လက်ရှိဧကရာဇ်နန်းတက်သောအခါ သူသည်အရွယ်မရောက်သေး။ အခြားသောဝမ်ရယ်များမှာကိုယ်ပိုင်နေရာရလျှင် အသီးသီးခွဲထွက်ကာကိုယ့်လမ်းကိုယ်လျှောက်ကြရာ သူတစ်ယောက်သာ နန်းတော်ထဲကျန်ခဲ့၏။
သူ၏ အရွယ်ရောက် အခမ်းအနားကျင်းပသောနေ့တွင် *ဧကရာဇ်ကောကောမှ လာမယ့်အနာဂတ်မှာဘယ်နေရာကိုသွားချင်လဲ ဟုမေးလာသောအခါ
*ရှောင်ဝမ်ရယ်မှာ အထစ်ထစ်အငေါ့ငေါ့ဖြင့်ခပ်တိုးတိုးပြောလိုက်သည် "ကျွန်တော်.. ကျွန်တော် မြို့တော်မှာပဲနေချင်ပါတယ်"
ဧကရာဇ်သည် ခေါင်းကိုပွတ်ပေးရင်းရယ်မောကာ "ဒါဆိုလည်းဒီမှာပဲနေပါ"
ရှောင်ဝမ်ရယ်မှာ သူ၏နှလုံးသားထဲမှ အပျော်များကိုမဖုံးကွယ်နိုင်၊ သူပြုံးလိုက်သောအခါ သူ၏မျက်လုံးနှင့် မျက်ခုံးမှာကွေးတက်သွားလေသည်။ ထိုအပြုံးလေး မည်မျှကူးစက်နိုင်သလဲပြောရလျှင် ဓားရှည်တစ်ချောင်းကိုင်ဆောင်ကာဧကရာဇ်နံဘေးတွင်ရှိနေသော ရေခဲသမျှအေးစက်လှသည့် ကိုယ်ရံတော် *ယန်တာ့ရန်ပင်ပြုံးမိသွား၏။
______________
ရိဝမ် = MC၏ဘွဲ့
(ရိ=ကံကောင်းသော၊မင်္ဂလာရှိသော)
ရှောင်ဝမ်ရယ် = MCသည် အငယ်ဆုံးဖြစ်သောကြောင့်'ရှောင်'ဟုထည့်
ဧကရာဇ်ကောကော = MC၏အကိုဖြစ်သောကြောင့်'ကောကော'ဟုထည့်
တာ့ရန် = ရာထူးကြီးသူကိုခေါ်ဆိုသောဂုဏ်ပုဒ်2.
ဤသို့ဖြင့်ရှောင်ဝမ်ရယ်အား ဧကရာဇ်မှခေါ်ဆောင်လာခဲ့သည်။ သူမွေးဖွားစဥ် ဧကရာဇ်မှာ ၁၀နှစ်သာရှိသေးသည်။ သူသည်အိမ်ရှေ့စံဖြစ်သော်ငြား သူ့အားဧကရာဇ်ငယ်လေးဟု အများကခေါ်ကြ၏။
ရှောင်ဝမ်ရယ်တလပြည့်မွေးနေ့တွင် ယခင်ဧကရာဇ်ကြီးမှ အကိုရှစ်ဦးကိုခေါ်၍ သူ့၏နာမည်အားရွေးခိုင်းခဲ့သည်။
ဧကရာဇ်ငယ်လေးသည်မင်းသားများထဲတွင် ခြောက်ယောက်မြောက်အကြီးဆုံးပင်။ သူသည် အချိန်ကြာမြင့်စွာ ပညာမသင်ကြားရသေးသောကြောင့် အသိပညာလည်းမပေါကြွယ်သေး။ စာပေရေးရာမှာ ပါရမီကြွယ်လှသော အကိုကြီးများ၏ ပန်းအမျှလှပသော နာမည်များကိုတွေ့ရသောအခါ သူအလွန်အမင်းပြာယာခတ်သွားသည်။
ESTÁS LEYENDO
Little Nine | ဘာသာပြန် [Completed]
Ficción históricaXiao Jiu (小九) by Xu Ban Xian (许半仙) ရှောင်ကျိုသည် မင်းသားကိုးပါးထဲတွင်အငယ်ဆုံးဖြစ်သော်ငြား ပါရမီအရှိဆုံးဖြစ်ပေသည်။ သို့ပေမယ့် သူ၏ဦးနှောက်အလုံးစုံကို ယန်တာ့ရန်နှင့်နီးစပ်ရန်ကြိုးပမ်းမှု၌သာ အသုံးချလေသည်။ ယန်တာ့ရန်ဆိုသည်မှာ အေးစက်ပြီးအဖက်မလုပ်တတ်သောသူတစ...