𝟭𝟭

1.3K 202 5
                                        

Unicode

"ငါတို့ ပြန်သင့်လောက်ပြီထင်တယ်။ မင်းကိုလည်း အားနာနေပြီ။ ငါ့ကြောင်​့ ဒုက္ခတော်တော်ရောက်ခဲ့မှာပဲ...။"

"လာပြန်ပြီ Park Jiminရာ...။ မင်းနဲ့ ငါနဲ့က အဲ့လိုပြောစရာလူလား။"

"ဘာပဲဖြစ်ဖြစ်ပါ။ ငါတို့ ပြန်တော့မယ်နော်။ ကူညီပေးတာတွေအတွက်လည်း ကျေးဇူးတင်တယ်ကွာ...။"

"အေးပါ..။"

Jiminနဲ့ Jungkookနှစ်ယောက် Woojinရဲ့အိမ်မှ ပြန်လာခဲ့ကြတယ်။ Jungkookကို မနေ့က ပုံမှန်ပြန်ဖြစ်သွားမယ်ထင်ထားတာ။ ဒါပေမယ့် Jungkookက ထင်ထားတာထက်ကို နူးညံ့ပေးနေတယ်တဲ့။ ဒီကောင်လေး စိတ်ထိခိုက်သွားလို့ပဲ ငြိမ်သွားတာလား။ ဒါမှမဟုတ် အချိုနည်းနဲ့ ငါ့ကို ကလဲ့စားပြန်ချေမလို့လား။ မသိတော့ပါဘူး။

ဘူဆန်ကို လာခဲ့တာ Vlogကြောင့်ဖြစ်ပြီး Vlogလည်း များများစားစား မရိုက်ရသေးတာကြောင့် လည်ပတ်လို့ကောင်းမယ့် နေရာကို ရှာလိုက်တော့....ဘူဆန်ဆိုမှ ပင်လယ်ကို မသွားကြရသေးဘူးပဲ။ ဒါကြောင့် လာမယ့် Vlogအတွက် Jimin ပင်လယ်ကိုသာ ရွေးခြယ်လိုက်သည်။

အိမ်ပြန်ရောက်သည်အထိ Jungkookဘာစကားမှ မပြောလာခဲ့ဘူး။ အရင်ကတော့ စကားမပြောပေမယ့်လည်း တရိပ်ရိပ်နဲ့ ကိုယ့်ကို ကြည့်နေတတ်ပြီး ကိုယ့်နောက်ကသာ လိုက်တတ်တဲ့ သူက အခုလို ကိုယ့်ကို ကားထဲထားခဲ့ပြီး အရင်ဝင်သွားလေတာမို့ တစ်မျိုးကြီး ခံစားလိုက်ရတာ အမှန်ပင်....။ ငါအချေခံလိုက်ရတာလား။

"Jung....Jungkook။"

"ဟင်...။"

"အဆင်ပြေရဲ့လား။"

"အာ..ကျွန်တော်ဘာမှ မဖြစ်ပါဘူး။"

"ဟို...မင်းငါ့ကို စိတ်ဆိုးနေတုန်းမှတ်လား။"

"ဟ...ဟ...မဟုတ်ပါဘူးဗျာ။"

သူက ပြုံးရယ်ကာ ပြောပြန်တယ်။ အခုကျတော့လည်း မှုိင်မနေပြန်ဘူး။ ငါပဲ စိတ်ထင်တာလား။

"Jungkook ပင်လယ်ဘက် Vlogသွားရိုက်မယ်နော်။"

"အာ...Jimin-shiက အဆင်ပြေလို့လား။ ေနမကောင်းသေးဘူး မဟုတ်ဘူးလား။"

"ငါနေကောင်းနေပါပြီ။"

"အင်း...ဒါဆိုလည်း သွားကြတာပေါ့။"

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Место, где живут истории. Откройте их для себя