𝟰

1.6K 230 4
                                    

Unicode

ကင်မရာကို ကိုင်ထားလေရာ ထိုလူကို ချိန်ထားပြီး အပြင်မှာတော့ ထိုင်ကြည့်နေမိသည်။ ပစ္စည်းအကြောင်းရှင်းပြ​ ပြောပြ​နေပေမယ့် အသံတွေက နားထဲ မဝင်ပဲအရှေ့က ခပ်ကျော့ကျော့ ထိုင်နေသည့် လူသားကိုသာ အဝ ထိုင်ကြည့်နေမိသည်။

ထိုလူသည် ဟိုနေ့က နွားနို့ပို့ရင်း တွေ့ခဲ့ရသည့်သူပင်။ ထိုနေ့ကတော့ ကိုယ့်ကို အော်တဲ့သူမို့ စိတ်ထဲ သိပ်မထားခဲ့ပေမယ့် အခုလို နေရာမျိုးမှာ ပြန်တွေ့ရတော့ ထိုလူက အရမ်းလှသည်သာ။

တစ်ချက်ချက် ပြုံးလိုက်တိုင်း မှိတ်ကျသွားသည့် မျက်ဝန်းမှေးတွေကိုလည်း ကြည့်မဝ ရှုမဝဖြစ်ရသေး၏။

"Jimin-shiက YU groupနဲ့ အရင်က ပြဿနာဖြစ်ဖူးတယ်လို့ ကြားဖူးပါတယ်။ အခု YU groupနဲ့ တွဲဖက်ကြော်ငြာရိုက်တယ်ဆိုတော့ အဆင်ပြေရဲ့လား။"

သတင်းထောက်တစ်ယောက်ရဲ့ မေးခွန်းမှာ ထို လူသားရဲ့ အပြုံးတွေဟာ ပြတ်တောက်သွားသည်ကို Jungkook တွေ့မိလိုက်သည်။ ထိုလူက Jungkookနဲ့ အရမ်းနှီးတဲ့လူတစ်ယောက်မဟုတ်ပဲ သူစိမ်းတစ်ယောက်ဖြစ်တာတောင် ထိုလူရဲ့ မျက်ဝန်းတွေဟာ ဝမ်းနည်းရိပ်ထက် မုန်းတီးနေသည့် အရိပ်အယောင်တွေပါ မြင်တွေ့နေရလေသည်။ ဘာတွေမ​ျား ပူဆွေးစရာတွေရှိနေလဲ ခင်ဗျားရယ်။

"ဒါက ကျွန်တော့် ကိုယ်ရေးကိုယ်တာ အကန့်ဖြစ်သွားပါပြီခင်ဗျ။ နောက်မေးခွန်းမေးပေးပါ။"

ခပ်သွက်သွက်သာ ပြ​န်ဖြေလိုက်သည်မို့ ဒီလို မေးခွန်းမျိုး သူ မနှစ်သက်မှန်းသိသာလွန်းလှသည်။

•••

Jungkook မှတ်တမ်းတင်ထားပြီးသည်နှင့် Uniသို့ပဲ လာခဲ့လေသည်။ စိတ်ထဲတွင်တော့ Jiminရဲ့ ပုံရိပ်တွေသာ တရိပ်ရိပ်မြင်ယောင်နေမိသည်ကြောင့် လမ်းလျှောက်ရင်းပင် ရုပ်က ပြုံတုံးတုံးဖြစ်နေလေရဲ့။ ပါမောက္ခ Min ရှိရာသို့ လာခဲ့ပြီး သူ ရိုက်မိခဲ့သမျှအား တင်ပြလေတော့.....

"Jeon Jungkook!"

"Nae!"

"မင်းဘာတွေလုပ်ခဲ့ဲပြန်တာလဲ။"

"ဘာကိုလဲ ပါမောက္ခကြီးရဲ့။"

"မင်းရိုက်ခဲ့တာတွေ မင်းလာကြည့်ဦး။"

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Where stories live. Discover now