𝟮𝟭{𝙵𝚒𝚗𝚊𝚕}

2.3K 184 3
                                    

Unicode

Jimin မနက်ခင်း ဦးအောင် နိုးလာခဲ့ပြီး ကိုယ့်ကို ထွေးဖက်ထားတဲ့ လူရဲ့ မျက်နှာ ချောချောကို တစိမ့်စိမ့်မော့ကြည့်နေမိသည်။ နွေးထွေးလိုက်တာ Kooက...။ နေ့တိုင်းသာ မြင်တွေ့ရမယ်ဆို Jiminအတွက် ပြောမပြနိုင်လောက်အောင်ကို ကြည်နူးမိမှာ အမှန်ပင်...။

ရင်ခွင်ထဲက အသေးလေးက လှုပ်စိစိဖြစ်နေပြီ ဖြစ်တာကြောင့် ငုံ့ကြည့်လို်က်မိတော့ မိုးအစ်အစ် မျက်ခွံဖောင်းဖောင်းနဲ့အတူ မော့ကြည့်နေသည့် Hyung။ ဟုတ်သားပဲ။ သူလေး ညက နာကျင်မှုကြောင့် အရမ်းငိုနေခဲ့တာလေ....။

"Hyung နာနေသေးလား။"

ရုတ်တရတ်မေးလိုက်တဲ့ မေးခွန်းကြောင့် Jimin ကိုယ်လေးတုန်တက်သွားကာ ကိုယ်လေးရဲ့ ပူနွေးမှုလေးကိုပါ ခံစားလိုက်ရသည်။

"Kooကွာ...စောစောစီးစီး ငါ့ကို ရှက်အောင်...."

"ဪ ဒါရှက်စရာမှ မဟုတ်ပဲ။ အတူတောင်နေပြီးပြီကို ဒါလေး မေးတာ ဘာဖြစ်နေတာလဲ။"

"ဖယ်တော့..မင်း!!"

"ဟား..ဟား...ဟုတ်ပါပြီ။ ခဏလောက် ပြန်အိပ်ရင်အိပ်လိုက်ဦး။ ကျွန်တော် ရေသွားချိုးဦးမယ်။"

"အွန်း.....အု..."

အလစ်သုတ် ခိုးနမ်းခံရတာကြောင့် Jiminမှာ ကြိတ်မနိုင်ခဲမရနှင့် Jungkookကိုသာ မျက်စောင်းထိုပစ်လိုက်သည်။ ပြုံးစိစိနှင့် ရေချိုးခန်းထဲဝင်သွားသော ကောင်လေးကတော့ သဘောအကျကြီး ကျလျက်သားပေါ့...။

ရေမိုးချိုးကာ ရေနွေးပါ ဆက်ပေးခဲ့ပြီး Hyungလေးကို တဖန်နှိုးလိုက်သည်။ ဒီနေ့ ယောက္ခမလောင်းကြီးတွေနဲ့ သွားတွေ့ရမယ့်နေ့လေ...။ တွေ့ဆုံမှုအတွက်လည်း ကြိုတင်ပြင်ဆင်ထားပြီးသားပါ....။

နေ့လည်အထိ နှစ်ယောက်ထဲအချိန်ဖြုန်းခဲ့ကြပြီး ညနေစွန်းစွနး်သို့ ရောက်ချိန်၌ တုန်လှုပ်နေသူ Jungkookလေး။ Jiminရဲ့ မိဘတွေနဲ့ တွေ့ရမှာဆိုတော့ သူ,မကြောက်ဘဲနေပါ့မလား။

"Koo.... သွားကြတော့မလား။"

"ဟင်...အင်း...။"

"ကြောက်နေတာလား။"

"နည်းနည်း...။"

Jimin ပြုံးမိသည်။ Kooအတွက် မေမေတို့နဲ့ တွေ့တာက တုန်လှုပ်နေမိမှာပဲ။ ဘာလို့ဆို ကိုယ့်တုန်းက Kooရဲ့ အစ်မဖြစ်သူ Seokjinနဲ့ Video Callလေးနှင့် တွေ့ဆုံတုန်းကတောင် ကြောက်နေခဲ့တာ...။ ယခင်က ကိုယ့်ရဲ့ နာကျင်မှ​ု​ေတွကို အစ်မကို ဒဏ်ခက်မည့်အစား Koo အပေါ် ပြုမူခဲ့တာတွေတောင် ပြန်ပြီး စိတ်မကောင်းဖြစ်မိသည်။ Kooက နားလည်ပေးမှာပါ။

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Donde viven las historias. Descúbrelo ahora