𝟲

1.5K 206 4
                                    

Unicode

ကျွန်တော်ကို အခု ကင်မရာ အကောင်းစားတစ်ခုအကြောင်း Namjoon Hyungရဲ့ အတွင်းရေးမှူးက ရှင်းပြနေလေတယ်။ ကင်မရာက နောက်ဆုံးပေါ်လည်းဖြစ်သလို ပုံစံက နည်းနည်းကွဲသည်ကြောင့် အသေးစိတ်ရှင်းပြနေခြင်းသာ။ ဒါပေမယ့်လည်း ကျွန်တော့်စိတ်တွေက ဟိုလူဆီမှာသာ....။ ဘာလို့များ ဒီလူနဲ့မှ အလုပ်တွဲလုပ်ရတာလဲ။

အတွင်းရေးမှူးကတော့ ရှင်းပြနေပေမယ့် Jungkookမျက်လုံးကတော့ အတွင်းရေးမှူးရဲ့ ဘေးခပ်လှမ်းလှမ်းတွင်ရှိသော Jiminဆီမှာသာ။ ရုံးခန်းထဲ စတွေ့ကတည်းက ဆူထားတဲ့ နှုတ်ခမ်းကျောက အခုထိမပြေလျော့လာသေး။ စိတ်အလိုမကျစရာများ ရှိနေလေလို့လား...။

"အဆင်ပြေမယ်ဆို သဘက်ခါလောက် ခရီး ပြင်ဆင်ပေးမယ်။"

"မလိုဘူး။ ကျွန်တော့်ဘာသာပဲ သွားမှာ....။ Jungkook-shi အဆင်ပြေတယ်မှတ်လား။"

"ဟု..ဟုတ်ကဲ့ အဆင်ပြေပါတယ်။"

"ဒါဆိုကောင်းပြီလေ...။ Jungkookသေချာကြိုးစားလုပ်နော်။ မင်းကို ယုံကြည်လို့ စစ်ဆေးတာတွေ တစ်ခုမှမလုပ်ပဲ ခန့်ထားတာ...။ မင်းအစ်မ Seokjinမျက်နှာပျက်အောင်တော့မလုပ်နဲ့....။"

Seokjin? ဒါSeokjinရဲ့ မောင်လား။ ဟက်.....အစ်မနာမည်နဲ့ပဲ အလုပ်ရတာနေမယ်။ တော်တော်မျက်နှာပြောင်တိုက်တဲ့လူတွေ။

Seokjinရဲ့ မောင်လို့ပြောလိုက်ကတည်းက Jiminရဲ့မျက်လုံးထဲ Jungkookဆိုတဲ့လူကို အမြင်မတဲ့တော့ပေ။ ကြည့်မိလိုက်တိုင်း အမြင်ကပ်ချင်စရာ....။

"သွားခွင့်ပြုပါဦး။"

"နေပါဦး။ နည်းနည်းပါးပါးရင်းနှီးသွားအောင် စကားလေးဘာလေး ပြောလိုက်ပါလား။"

Namjoon Hyungရဲ့စကားကြောင့် Jungkook မျက်လုံးပြူးမျက်စံပြူးနဲ့ သူမသိအောင် ခေါင်းခါပြတာကို အဲ့Hyungက ဂရုတောင်မစိုက်ဘူး။

"အခု ပြန်မှာလား Jungkook-shi!"

"ဟုတ်...ဟုတ်ပါတယ်။"

"ကျွန်တော့်ကားနဲ့ လိုက်ခဲ့လိုက်ပါ။"

သူက ပြုံးပြတယ်။ တော်တော်လေးကို လှနေတာပဲ။ ကျွန်တော်လည်း ခေါင်းညိမ့်ပြလိုက်ပြီး သူ့နောက်သာ လိုက်ခဲ့လိုက်သည်။ ကားနားရောက်တော့ ဆက်ခနဲ ပြန်လှည့်လာပြီး.....

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Où les histoires vivent. Découvrez maintenant