𝟭𝟯

1.4K 191 6
                                        

Unicode

မနက်စောစော မိုးသောက်ချိန်၌ မိုးရေစမ်းသည့် ပန်းအချို့သည် နေရောင်အောက်မှာ ယိမ်းယိုင်နေလျက်...။

အလင်းရောင်ရှိန်ရှိန်က ပြတင်းပေါက်ကိုဖြတ်ဝင်ကာ Jungkookမျက်နှာပေါ် ဖြာကျလာလေပြီ။ နေရောင်က မျက်နှာတဲ့တဲ့ကျနေပြီး တေ​ာ်တော်ပင် ပူနေလေရဲ့။

ရင်ဘတ်ပေါ်က ခပ်အိအိစိိုစိုတစ်ခုကြောင့် လန့်လန့်နဲ့ ဖွင့်မရသည့် မျက်စိအစုံကို အားနှင့်ပင်ဖွင့်ချလိုက်တယ်။ စိတ်ထင်က အကောင်တစ်ကောင်ကောင် ကိုယ့်ရဲ့ ဟာလာဟင်းလင်း ရင်ဘတ်ပေါ်ကို ရောက်နေသည်ပေါ့။ ကိုယ်က အိပ်နေချိန်မှာ အင်္ကျီကို ချွတ်ပြစ်တတ်တဲ့ အလေ့အကျင့်ရှိပြီး အခုဗလာဖြစ်နေတဲ့ ရင်ဘတ်ပေါ်ကို သူ့ရဲ့ နှုတ်ခမ်းစိိုစိုထွေးထွေးက ထိအက်နေသည်။

အိပ်ရာထစ၊ မျက်လုံးဖွင့်ချိန်ပင် ရင်ခုန်ရလိမ့်မယ်လို့ ဘယ်သူထင်မှာလဲ။ ကိုယ်ကသာ တစ်ကိုယ်လုံးပူရှိန်းနေသလို ခံစားရတာ၊ သူကတော့ ကိုယ့်ရင်ဘတ်ပေါ် မှောက်ရက်ကြီး အိပ်ကောင်းတုန်း။

မဖြစ်ဘူး။ နှိုးလိုက်မှ ရမယ်။

"Hy.... Hyung~"

" .... "

"Jimin Hyung~"

"အင်းးးးးး"

ရင်ဘတ်ပေါ်ကို ဖိထားသေးရက်ပင် အသံရှည်ကြီးဆွဲကာ ပြန်ထူးလေတယ်။ ကြည့်ရတာ Jimin Hyungက အခုအနေအထား ဖြစ်နေတာကို သိပုံမပေါ်သေးဘူး။

ခန္ဓာကိ်ုယ်ငယ်ကို လှုပ်နှိုးပေမယ့် ဘာမှ မထူးသည်ကြောင့် Jungkookကပဲ Jiminကိုယ်လုံးကို မရွှေ့ကာ ထရတော့မည်။

ကိုယ်ငယ်အား မ၍ ဆိုဖာပေါ်ပြန်တင်ပေးပြီးသည်အထိ ပေါက်စလေးက မနိုးသေးလေဘူး။ နှုတ်ခမ်းကို ထော်ကာ အိပ်မက်ထဲ လည်ပက်နေတုန်း။

Jungkookတစ်ချက် ပြုံးလိုက်ပြီး ကိုယ်လက်သန့်စင်ကာ ချစ်နေရသူလေးအတွက် မနက်စာပြင်လေတော့သည်။

ယနေ့ရဲ့ Breakfast Menuလေးကတော့ ရိုးရိုးကြက်ဥပေါင်မုန့်ကြော်လေးကိုမှ ကော်ဖီလေးနဲ့ပါပဲ။ ကိ်ုယ်လုပ်ပေးတဲ့ မနက်စာလေးကို သူလေးမြိန်ရည်ရှက်ရည်စားလိမ့်မယ် ပုံလေးကို မြင်ယောင်မိရင်း ​အမြတ်နိုးကြီးစွာ ပြုံးမိပြန်သေးသည်။

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Where stories live. Discover now