𝟳

1.4K 212 7
                                    

Unicode

နေသာထိုင်သာ မရှိဘူးတကယ်။ Jungkook ​နာမည်ကြီး မော်ဒယ်တစ်ယောက်နဲ့ အလုပ်တွဲလုပ်ရမှာ ပျော်ရဲ့လားမေးရင် ပျော်တာပေါ့။ မပျော်စရာလား။ ကိုယ်မသိမသာလေး ရင်ခုန်နေမိတဲ့သူနဲ့ အလုပ်တွဲလုပ်ရမှာ ဘယ်လောက်များ စိတ်လှုပ်ရှားဖို့ကောင်းလိုက်လဲ...။ ဒါပေမယ့် သူ့ဘက်က ဘာလို့ မကြည်ဖြူဖြစ်နေရ​တာလဲ။ ဒီတိုင်း အရမ်းမရင်းနှီးချင်ရင်တောင် အလုပ်သဘောလေးနဲ့တော့ ကြည်ဖြူသင့်တယ်လေ....။

"Jungkookမသွားသေးဘူးလား။"

"အခုသွားမှာပါဗျာ...။ Noonaလည်း Hyungကို မြန်မြန်ပြန်ခေါ်တော့...။"

"မခေါ်ပါဘူး။ ဘာကိစ္စနဲ့...။"

"ပြောတာပဲ။ Hyungက Noonaဖြစ်ချင်တဲ့အတိုင်း တသွေမသိမ်းလိုက်လုပ်ပေးနေတာ Noonaကိုက ဆိုးနေတာ...။"

အတင်းသွားစေချင်နေတဲ့ Noonaကို မသွားခင်လေး ကလိသွားရမှ ကျေနပ်မယ်။

"Yeah!!! Jeon Jungkook!!! နင် ဒီနေ့သွားမှာလား။"

"သွားပြီဗျို့...။"

အနောက်ကနေ အပြေးတပိုင်း လိုက်ရိုက်တော့မယ့် Seokjinရဲ့ ပုံစံကြောင့် Jungkookစနောက်မနေတော့ပဲ အသည်းအသန်ပင် ပြေးရတော့သည်။

ဟူး....။ Busဂိတ်ကနေ Jiminရဲ့ အိမ်ရှိရာသို့လာခဲ့လိုက်တယ်။ ညကလည်း သူ့အကြောင်းနဲ့ပဲ လုံးပန်းလည်နေတာမို့ အခုတော့ အိပ်ရေးမဝပင် ဖြစ်နေရသည်။ အင်းပေါ့လေ...။ ကိုယ်ကိုက လွန်လွန်က​ျူးကျူးဖြစ်နေမိတာကို....။

ကိုယ်ရောက်တော့ သူက ကားလေးကို မှီကာ ကိုယ့်ကို ရပ်စောင့်နေပုံပဲ။

"ကျွန်တော်ရောက်ပြီ..။"

"တက်!"

လုပ်ပြီ...ကြည့်...။ ရောက်တာနဲ့ ဟောက်မယ်ချည်းပဲ..။ Jungkookလည်း အနောက်ခန်း၌ အငြိမ့်သားဝင်ထိုင်လိုက်ကာ ညက အိပ်ရေးမဝခဲ့သည်ကို ပြန်အိပ်ရန်ပြင်နေလေတယ်။ သူကတော့ ကားမောင်းတဲ့နေရာမထိုင်ပဲ ဘေးခုံမှာ ဝင်ထိုင်နေလေတယ်။

"ဘယ်သူလာဦးမှာလဲ။"

"ဘယ်သူမှ မလာပါဘူး။"

"ဟင်...အဲ့တာဆို ခင်ဗျားက ဘာလို့အဲ့မှာထိုင်နေတာလဲ။ ကားကရော ဘယ်သူမောင်းမှာလဲ...။"

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Où les histoires vivent. Découvrez maintenant