𝟭𝟳

1.3K 170 0
                                        

Unicode

Hae-Eunနဲ့ ပါမောက္ခMinဆိုသူနဲ့က ချစ်သူတွေဆိုတာ Jungkookပြောပြလို့ သိရပြီးပြီ။ ဒီ Hotelအထိ လိုက်လာတာကလည်း Hae-Eunတို့ မိသားစုက Jungkookကို ခင်မင်လို့ ဖိတ်ခေါ်ကျွေးရုံသာဖြစ်သည်။ ဒါကို တစ်ယောက်ထဲ အထင်လွဲကာ ဝမ်းနည်းပြီး ကြိတ်ခံစားနေခဲ့တာ ရှက်စရာကြီး။

"Hyung အရမ်းပင်ပန်းမှာပဲ။"

Jungkookစကားကို Jiminခပ်ဖွဖွပြုံးကာ ခေါင်းရမ်းပြမိသည်။

"အခု ကျွန်တော်က Hyungရဲ့ ကောင်လေးဖြစ်နေပြီပဲ။ ပြဿနာရှိရင် ကျွန်တော့်ကို အားလုံးပြောပြရမယ်နော်။"

ကောင်လေးဆိုသော နာမ်စားကြောင့် အေးစိမ့်စိမ့် ကားairconကိုမှမထောက် ချွေးတွေပြန်နေသူက Jimin။ မိမိဘေး Driver seatမှာထိုင်ကာ ကိုယ့်ဘက်လှည့်၊ ကိုယ့်လက်ကို ပွတ်သက်ပြီး တစ်ခုပြီးတစ်ခု မေးခွန်းထုတ်နေတဲ့ Jungkookကြောင့်ဖြစ်သည်။

"Hyung ကျွန်တော့်ကို သဘောကျနေတာကြာပြီလား။ ဘာကြောင့်သဘောကျသွားတာလဲ။ အကုန်...အကုန်ပြောပြ..."

"စကားများလိုက်တာ...။ အိမ်ပဲ ခပ်မြန်မြန်လိုက်ပို့ပေးစမ်းပါ။"

"မရဘူးလေ...အခု ကျွန်တော်တို့က ချစ်သူတွေဖြစ်နေပြီကို။ စကားတွေအများကြီး ပြောရဦးမှာကို...."

"ချစ်သူဖြစ်တိုင်း စကားအများကြီးပြောစရာလား။"

"ပြောရမယ်လေဗျာ....။ ချစ်ကြောင်းပြောမယ်။ အာဘွားပေးကြမယ်လေ...."

"အာဘွားက ခုဏကပဲ....."

Jiminယောင်ရမ်းကာပြောမိပြီးမှ စကားကိုပြန်ထိန်းလိုက်ရသည်။ ရှက်စရာကောင်းအောင်......။

"ဘာပြောလိုက်တာ...မကြားလိုက်လို့...။"

​ပြုံးစိစိနဲ့ ပြောနေပုံက ပိတ်ထုချင်စရာ။ လုပ်ပြန်ရင်လည်း ချစ်သူဖြစ်တယ် ချစ်သူဘာညာနဲ့ ငါ့ကိုကိုင်ပေါက်ပြန်ဦးမယ်။

"သဘောပါဗျာ....။ လိုက်ပို့ပေးပါမယ်။"

ခပ်ဆူဆူလေးဖြစ်နေသည့် Jiminမျက်နှာလေးကြောင့် Jungkookအသည်းယားပေမယ့်လည်း ပူပူနွေးနွေးချစ်သူလေးက သူ့အားပိုစိတ်ဆိုးသွားမည်ကိုလည်း ကြောက်ရသေး၏။

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Où les histoires vivent. Découvrez maintenant