𝟮

2.4K 273 17
                                    

Unicode

"Sanbae..... ကျွန်တော်လေ.... ကုမ္ပဏီတစ်ခုမှာ ကျွန်တော် ကြော်ငြာစရိုက်ရတော့မယ်သိလား။"

"ေဩာ်...ကောင်းတာပေါ့ Jiminရဲ့။"

"ပြီး...ပြီးတော့လေ...ဟို..ကျွန်တော်သာ မော်ဒယ်ဖြစ်ခဲ့ရင် Sanbae ကျွန်တော့်ကို အဖြေပေးမယ်ဆို။ ကျွန်တော်လေ Sanbaeကို အရမ်းချစ်မိသွားတာလေ....။"

အသံတစ်ဆာဆာနှင့် အားပါးတရပြောနေသော Jiminကို Namjoon အားနာနာနဲ့ ကြည့်နေမိသည်။

"ဟို....ကိ်ုယ်တောင်းပန်ပါတယ် Jimin။ ကိုယ်လာမယ့် ဗုဒ္ဓဟူးမှာ စေ့စပ်ရတော့မယ်။"

"San.... Sanbae! Sanbaeကျွန်တော့်ကို ပြောတုန်းကတော့ ဒီလိုမဟုတ်ဘူးလေ။ ကျွန်တော့်ကို မနောက်ပါနဲ့ဗျာ။ ကျွန်တော် မနေတတ်ဘူး။"

"ကိုယ်တကယ်ပြောနေတာ Jimin။"

"ဘာလဲ ကျွန်တော်က ယောက်ျားလေးဖြစ်နေလို့လား။"

" .... "

"ဟုတ်နေတာပဲ..။"

"ကိုယ်တောင်းပန်ပါတယ်။ ကိုယ်Jiminကို မျှော်လင့်ချက်တွေ ေပးခဲ့မိတယ်။ ကိုယ့်အမှားပါ။"

"Sanbaeဗျာ~"

Jiminမှာ မျက်ရည်စို့လျက် ဘာမှပြောစရာပင်မရှိလောက်အောင် ပျောက်ရှနေသည်။ Sanbaeက ကျွန်တော့်ရဲ့ အချစ်ဦး။ ကျွန်တော်အရမ်းစွဲလန်းခဲ့ရတဲ့ ကျွန်တော့်ရဲ့ အရေးပါတဲ့လူ။ ကျွန်တော် အရမ်းအလေးထားလို့ Sanbaeပြောတာတွေကို နားထောင်ခဲ့တာလေ။ အဲ့တာ Sanbaeကို ယုံလို့လေ...။

"ဒီမှာ ဖိတ်စာ။ လာဖြစ်အောင်လာခဲ့ပါ Jimin...။ မိတ်ဆွေတစ်ယောက်အနေနဲ့ပေါ့။"

ဖိတ်စာလေးထက်တွင်

~Kim Namjoon & Jeon SeokJin~

ထိုကဲ့သို့ မင်္ဂလာဖိတ်စာလေးက Jiminရဲ့ ရင်ကို မွစာကျဲစွားစေသည်။ ထိန်းချုပ်ထားတဲ့ မျက်ရည်များကို မကျအောင် ဆက်ပြီး ထိန်းချုပ်ထားခဲ့သည်။ ဘာလို့ဆို Sanbaeအရှေ့မှာ ငကြောင်တစ်ယောက်လို မငိုချင်ဘူး။

တစ်လှမ်းချင်းထွက်ခွာသွားပြီဖြစ်သော Namjoonကို ကြည့်ကာ Jiminငိုင်နေမိသည်။

ပြောတော့ ကိုယ်က Jiminကို ပံ့ပိုးချင်တာ။ ကိုယ့်ကုမ္ပဏီရဲ့ မော်ဒယ်တစ်ယောက်ဖြစ်ရင်ကောင်းမှာပဲ...။ ထိုကဲ့သို့စကားများနဲ့ အယုံသွင်းပြီး အခုချိန်မှာ ထားရစ်ခဲ့တယ်။
•••

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Where stories live. Discover now