𝟭𝟵

1.2K 151 3
                                        

Unicode

"Jungkook!"

မိန်းမတစ်ယောက်ရဲ့ ကားပေါ်တက်လုဆဲဆဲဖြစ်နေသည့် Jungkookကို Jimin သူ့အသံဖြင့် ဟန့်တားလိုက်သည်။ သို့ပေမယ့် Jungkookသည် သူ့အသံကို မကြား။ Yoonဆိုတဲ့ မိန်းမရဲ့ ကားပေါ်သို့ လိုက်ပါသွားလေသည်။

ကြည့်နေရုံမှအပါး ကျန်တာ မပြောနိုင်ခဲ့ဘူး။ Yoonဆိုတဲ့ မိန်းမက Jungkookကို သဘောကျနေပုံပေါ်တယ်လို့ ပြောသံကြားသည်ကြောင့် ပိုလို့ပင် စိတ်မချရဘူး။

နောက်ရက်မှ ထိုကိစ္စကို ရှင်းမည်ဟု အကြွေးမှတ်ကာ စိတ်အစဥ်တို့ကို လျော့ချလိုက်ပြီး အိမ်သို့ပဲ ပြန်ခဲ့သည်။ ဒါပေမယ့် ရင်ထဲမှာ ပူလောင်နေတုန်းပဲ။ ဘာဖြစ်လဲ။ ပိတ်ရက်က လာတော့မှာဆိုတော့ စားစရာတစ်ခုခုလုပ်ပြီး Jungkookအိမ်ကို လိုက်သွားရမယ်။

ကိုယ့်ကိုယ်ကို စိတ်ဖြေပြီးနေလိုက်တယ်။ ဟုတ်တယ်လေ။ Jungkookက ဖောက်ပြန်မယ့်လူမျိုးမဟုတ်တာ။ ကိုယ်လည်းသိနေတာပဲ။ ထိုမှသာ နှစ်နှစ်ခြိုက်ခြိုက်ပြုံးလိုက်ကာ အိပ်ပျော်လေတော့သည်။

ပိတ်ရက်​ရောက်တော့ တက်ကြွနေသူ Jiminလေး ချစ်ရသူအဖို့ ပြင်ဆင်နေလေရဲ့။ ဖွယ်ဖွယ်ရာရာမလုပ်တတ်တဲ့အပြင် ပစ္စည်းသည်လည်း အစုံအလင်မရှိတာကြောင့် ကြက်ဥလိပ်ကိုသာ လုပ်ရန် စဥ်းစားလိုက်သည်။

"အရမ်းကြီး ဖွယ်ဖွယ်ရာရာမဟုတ်လည်း ဘာဖြစ်လဲ။ Jungkookက ကြက်ဥလိပ်အရမ်းကြိုက်တာပဲဟာ....။"

Jungkookနဲ့ ခရီးထွက်ခဲ့စဥ်တစ်လျှောက်လုံး နှစ်ယောက်လုံး နီးနီးကပ်ကပ်ရှိခဲ့ကြသည်မို့ Jungkook အကြောင်း တော်တော်ပင် သိလွန်းလှပြီ။

"ပြီးပြီ။ သွားကြမယ်။"

ဗူးလေးထဲ သပ်သပ်ရပ်ရပ်လေး စီရီထည့်ထားသော ကြက်ဥလိပ်လေးများကို အဖော်ပြု၍ Jungkookအိမ်သို့ တစ်ဦးထဲ ချီတက်ခဲ့လေသည်။ လမ်းခုလပ်မှာလည်း Fish cakeလေးတွေ ရောင်းနေတာ တွေ့သဖြင့် ဆင်းဝယ်ကာ ခရီးဆက်ခဲ့သည်။ ဟိုရောက်ရင်တော့ ဒါတွေအကုန် Hyungလုပ်လာတာဆိုပြီး ဂျင်းထည့်ရဦးမည်။ စားပြီးရင်တော့ မနေ့က ကိစ္စကို ဆူမည်ပေါ့နော်။

အတွေးလေးတသီသီနှင့် Jungkookရဲ့ တိုက်ခန်းဘက်ကို ရောက်လာခဲ့ပြီ။ Phoneမှာ locationထောက်ပြီး လာခဲ့တော့ Jungkookရဲ့ တိုက်ခန်းလေးက အဘွားရဲ့ တိုက်ခန်းနဲ့ နီးနီးလေးရယ်....။

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Donde viven las historias. Descúbrelo ahora