𝟭𝟬

1.3K 200 11
                                    

Unicode

ကိုယ့်ကို လာကမ်းပေးသွားတဲ့ ဝိုင်ခွက်ကို စေ့စေ့ကြည့်လိုက်မိတယ်။ စိတ်ပဲ ထင်လို့လား။ ဝိုင်ခွက်အပြင်ဘက်လေးမှာ အမှုန်အချို့ ကပ်ကျန်နေသလို ခံစားရသည်။

ဒါကို သတိမမူပဲ ချက်ချင်း ပျောက်သွားတဲ့ Jiminကို ရှာနေမိတယ်။ ကျစ်...စိတ်မချပါဘူးဆိုမှ ဘယ်ရောက်သွားပြန်လဲမသိဘူး။

Jungkook ဒေါပွပွနဲ့ လက်ထဲက ဝိုက်ခွက်ကို မော့ချလိုက်မိသည်။ စိတ်ထင်တာမဟုတ်ဘူးပဲ။ ဝိုင်သောက်ချပြီး သိပ်မကြာခင်မှာပဲ မျက်လုံးတွေပါ မူးဝေလာကာ ခုံပေါ်သို့ ခေါင်းမှောက်သွားပြီး လောကကြီးနဲ့ အဆက်အသွယ် ပြတ်သွား​ေလ၏။

"Jungkook!!! ကယ်ပါ။"

အသံစူးစူးတစ်ခုကြောင့် Jungkookအနည်းငယ်တော့ သတိဝင်လာလေတယ်။ နောက်တစ်ခါထပ်အော်လာတဲ့ အသံစူးစူးလေးမှာ ကိုယ့်ချစ်ရသူအသံဟု သိလိုက်မိခိုက် လုံးဝမှေးစင်းနေတဲ့ မျက်လုံးတွေကို အားကုန်ဖွင့်လိုက်မိ​ချိန်...။

ကိုယ်သည်လည်း အိပ်ရာထက်သို့ရောက်နေပါလား။ မိမိရှေ့တဲ့တဲ့ မြင်လိုက်ရသည့်အရာကား ချစ်ရသူပင်။ ချစ်ရသူသည် မျက်ရည်များစီးကျနေသော မျက်ဝန်းအိမ်လေးဖြင့် ကိုယ့်ကိုအားကိုးတကြီးကြည့်နေလေတာမို့ ရင်ထဲ စူးနစ်သွားရသည်။

ဆေးဒဏ်ကြောင့် ဘယ်လိုမှ မထနိုင်တာသိပေမယ့်လည်း ချစ်ရသူနဲ့ယှဥ်ရင်တော့ ဒီဆေးက မပြောပါ့လောက်တာမို့ Jungkookရှိသမျှအားတွေနဲ့ ကုန်းရုန်းထကာ ကုတင်ဘေးက စားပွဲထက်တင်ထားလေသော ပန်းအိုးဖြင့် အယုတ်တမာကောင်ရဲ့ ခေါင်းအား ရိုက်ချပြစ်လိုက်တယ်။

ခွမ်း.....

ထိုလူကြီးလဲကျတော့မှာမို့ Jiminပေါ်မကျသွားစေရန် အတင်းတွန်းထုတ်ပြီး Jiminကိုကြည့်လိုက်ချိန် မျက်ရည်များနှင့် Jiminသည် မေ့မျောနေလေရဲ့။

ရင်နာနာနဲ့ Jiminကို ကြည့်နေရင်း
ဆေးဒဏ်ကြောင့် ခေါင်းတွေပြန်မူးဝေလာကာ ထိုနေရာ၌ပဲ ပြန်လဲကျသွားလေတော့သည်။

•••

"ယုန်ပေါက်လေး...အဲ့မှာဘာလုပ်နေတာလဲ။"

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Wo Geschichten leben. Entdecke jetzt