𝟭𝟴

1.2K 151 9
                                    

"ထိုင်ပါဦး ကောင်လေး...."

Jimin Hyung၏ အမေရဲ့အသံက တင်းမာမနေသလို ခပ်ပျော့ပျော့နဲ့ ေဖာ်ဖော်ရွေရွေလည်း ရှိမနေပေ။

Jungkook သူမရဲ့ အရှေ့ခုံမှာထိုင်လိုက်တော့ အအေးတစ်ခွက်အား ချပေးလာတယ်။

"အေးဆေးစကားပြောရအောင်လို့ ခေါ်လိုက်တာ။ အန်တီ့ကိုတော့ စိတ်မကွက်ဘူးမှတ်လား။"

"ဟုတ်ကဲ့ အဆင်ပြေပါတယ်။"

သူမက သဘောကျသလိုတစ်ချက်ပြုံးလိုက်ပြီး စကားစလေတယ်။

"Jiminက အန်တီ့ရဲ့ အချစ်ရဆုံးတစ်ဦးတည်းသော သားလေး။"

Jungkookရိပ်မိနေတဲ့အတိုင်း ပြောလာမယ်ဆိုတာလည်းသိပေမယ့် ဆိုးဆိုးရွားရွားအထိ မဖြစ်လာစေရန် ဆုတောင်းနေမိသည်။

"ဒါကြောင့် သားလေးနဲ့ ချစ်နေတယ်ဆိုတဲ့သူက လူကောင်းတစ်ယောက်ဟုတ်မဟုတ်တော့ စိုးရိမ်မိတယ်။"

အခုလိုအချိန်မှာ 'ကျွန်တော်က Hyungကို တကယ်ချစ်တာ။ ကျွန်တော်က လူကောင်းပါ။' လို့ပြောလိုက်ရင်လည်း မကောင်းလှပေ....။

"မင်းအစ်မက သူဋ္ဌေးကိုချူပြီး လက်ထပ်ထားတယ်ကြားတယ်။"

လူတွေ Jungkookကို နှိမ်ကွက်ဆိုလို့ ဒီတစ်ခုထဲပါ။ Noonaနဲ့ Namjoon Hyungက တကယ်ချစ်ကြရဲ့သားနဲ့ လူတွေကကို သက်သက်အမြင်မကြည်ကြတာ...။

"လူ့ပါးစပ်ဆိုတာ တကယ်ကြောက်ဖို့ကောင်းတဲ့အရာပါ အန်တီ။ လူတွေ ပြောတိုင်း မယုံမိအောင် သတိပေးပါရစေ....။"

"ဟက်....မင်းလို ကလေးကများ လူကြီးကို ဆရာလာလုပ်ရဲသတဲ့လား။ အန်တီက မသိရောလားကွယ့်။"

Jungkook, Jiminမေမေရဲ့ စကားကို ချက်ချင်းပဲ....

" အတွေ့အကြုံက မပြောတတ်ပါဘူး။ အချို့အတွေ့အကြုံတွေက အသက်အရွယ်နဲ့ မဆိုင်လှဘူး။"

အပြုံးအရယ်မရှိ၊ တည်တည်တန့်တန့်သာ ပြန်ပြောလာသော Jungkookကြောင့် Jimin အမေရဲ့စိတ်ထဲ 'ဒီကောင်လေး မခေဘူးပဲ။'ဟု ကောက်ချက်ချလိုက်မိတယ်။

"လူကြီးရဲ့စကားကို တစ်ခွန်းမကျန် ပြန်ပြောနေတာ ရိုင်းစိုင်းတယ်လို့ မထင်ဘူးလား Jeon Jungkook-shi။"

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Where stories live. Discover now