𝟮𝟬

1.4K 151 4
                                    

Unicode

2 years later

ဘဝမှာ ကိုယ့်တရားဝင်ချစ်သူကို အခုလိုအဝေးကနေပဲ ငေးကြည့်နေမယ်လိ​ု့ တစ်ခါမှ မတွေးခဲ့ဖူးဘူး။ ရိုးရှင်းမှုမရှိလေတဲ့ ကိုယ်တွေနှစ်ယောက်ရဲ့ ဇာတ်ကို လှလှပပ ဆက်ကနိုင်ဖို့အတွက် တူညီမှုမရှိတဲ့ လမ်းကို ရွေးခြယ်ခဲ့ကြသည်။ ကိုယ်စိတ်ပင်ပန်းချိန်မှာ ချစ်ရသူ အနီးမရှိပြန်တော့လည်း ပူဆွေးဝမ်းနည်းမှုက အလိုက်အထိုက်ရောက်လာတတ်သေးသည်။

ကွန်ပျူတာကို ဘေးချကာ Editingတစ်ဖက်နှင့် အလုပ်ရှုပ်နေတဲ့ Producerကြီး။ Screemပေါ်မှာ ပေါ်လာတော့မည်ဖြစ်တဲ့ အဝင်ကောလေးကို တစ်လှည့်...ရှေ့က အလုပ်တစ်လှည့်နှင့် ဗျာများနေသူ။

တူ..တူ..တူ

ကွန်ပျူတာ Screemပေါ်မှာ ပေါ်လာပြီဖြစ်တဲ့ အစိမ်းရောင်ခလုတ်လေးကို နှိပ်ပြီးသည့်အခါ ခေါင်းရေစိုလက်စနဲ့ ကိုယ့်ကို ပြုံးပြနေတဲ့ ချစ်ရသူလေး...။

"Producerကြီး အလုပ်လုပ်ရတာ အဆင်ရောပြေရဲ့လား...။"

"ဘယ်ပြေပါ့မလဲ။ ခင်ဗျားလေးကို နေ့တိုင်းလွမ်းနေရတာ ဟာတာတာနဲ့...။"

Jiminရဲ့ ရွှတ်နောက်နောက်အပြောကို ပြန်တုံပြန်လိုက်သည့် Jungkookစကားကြောင့် Jimin သဘောတကျရယ်ကာ 'လူလည်လေး'ဟု ခေါ်ပြန်သည်။ ဒါကလည်း Jiminနဲ့ အတူဆိုရင် စကားတတ်လွန်းလှတဲ့ Jungkookကြောင့် Jimin ပေးထားတဲ့ နာမည်အသစ်လေးပေါ့...။

"Hyung ရှေ့အပတ်ဆို ပြန်ရောက်မှာနော်...။ သေချာပေါက် လာကြိုရမယ်။"

"Hyung တကယ် ပြန်လာရတော့မယ်ပေါ့...။ ဝမ်းသာလိုက်တာဗျာ...။"

"ဝမ်းသာတာ နောက်မှထား...။ ချိန်းဆိုမှုတစ်ခုအတွက် အားမွေးထားဦး...။"

"ဟင်...ဘာကို အားမွေးရမှာလဲ..။"

"Mr. Parkနဲ့ မေမေက Jungkookနဲ့ ညစာစားမယ်ဆိုလို့....။"

Jungkook ခေါင်းတစ်ခုလုံး ထူပူသွားရသည်။ Hyungရဲ့ မေမေဆိုတာ ကိုယ်အခုလို နာမည်ရ Producerဖြစ်လာတာတောင် ကိ်ုယ့်ကို ကြည်တာမဟုတ်ဘူး။ နောက်တစ်ခုက Mr. Parkတို့ Entertainmentနဲ့ YU Entertainmentဆိုတာ အပြိုင်အဆိုင် အနုပညာအလုပ်ကို လုပ်နေရတာ...။ YUဖြစ်တဲ့ Jungkook အခုအလုပ်လုပ်တဲ့ Entertainmentက ပိုပြီး နာမည်ရနေတာဆိုတော့ ကိုယ့်ကိုရော ကြည်ပါ့မလား။

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Where stories live. Discover now