𝟭𝟲

1.3K 180 0
                                        

Unicode

"​ေမာ်ဒယ်Jiminတို့ ပြန်ရောက်နေပါပြီ CEO။ Vlog videoကိုတော့ သူmailနဲ့ ပို့လိုက်ပါတယ်။"

"အင်း....ကြည့်ရအောင်...။"

Vlogလေးက ပေါ့ပေါ့ပါးပါးကိုမှ Jiminရဲ့ ချောမောတဲ့ပုံရိပ်တွေနဲ့ ပေါင်းဆက်ပြီး လှပတဲ့ Videoလေးတစ်ပုဒ်ဖြစ်လို့နေသည်။ ဒီVideoလေးဆို Jiminရဲ့ Fanတွေ စိတ်တိုင်းကျမယ့်ပုံမျိူးဖြစ်ပြီး YUနဲ့ စချိတ်ဆက်ချင်းမှာ ပထမဆုံးထုတ်တဲ့ Videoက ဒီလောက်ကောင်းနေတော့ သူတို့ တကယ်သဘောကျကြလိမ့်မယ်။

Namjoonတွေးရင်း ပြုံးပြီး Videoအား Jiminရဲ့ channalသစ်မှာ တင်ရန် ညွှန်ကြားလိုက်သည်။

"Jungkookကို မနက်ဖြန်ဆက်သွယ်ပေး။"

"ဟုတ်ကဲ့ CEO။ ဒါနဲ့ CEOကို တင်ပြစရာ ရှိသေးတယ်။"

"ဘာတုန်းကွ။ စာရင်းလား။"

"ဒီမှာပါ။"

Namjoonလက်ထဲကို အတွင်းရေးမှူးက သူ့Ipadလေးထည့်ပေးလိုက်သည်။ Namjoon စခရင်မ်ပေါ်မှာ ပေါ်နေတဲ့ ပုံရိပ်တွေကို ငဲ့ကြည့်မိတော့ Jiminနဲ့ Jungkookရဲ့ ပုံအချို့ပင်။ ပုံထဲ Jiminက Jungkookရင်ခွင်ထဲ ရောက်နေကာ ဖက်ထားတဲ့ပုံ၊ Jungkookက Jiminကို ကျောပိုးနေတဲ့ပုံ၊ ပြီးတော့ အခြားပုံတွေရောရှိနေလေတယ်။ ဒီပုံတွေက သိပ်တော့ မပေါက်သေးဘူးဆိုတော့ သတိတော့ထားရမယ်။ မဟုတ်ရင် ကုမ္ပဏီရော၊ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ Jiminရော ပြဿနာတွေရှုပ်နိုင်တယ်။ အခုလို အောင်မြင်နေတဲ့ ကာလမှာ Dating Rumorထွက်တာ တော်တော်ကို ဆိုးရွားလှသည်။ ဒါကြောင့် ဆွေးနွေးစရာရှိတာ ဆွေးနွေးပြီး လုပ်သင့်လုပ်ထိုက်တာကို စဥ်းစားရပေမည်။

                          •••

ဒီနေ့တော့ ဆိုးလ်ကို ​ြပန်ရမည့်နေ့ပင်။ မနေ့ညကတော့ မိုးချုန်းသံကို အကြောင်းပြပြီး ဟိုကောင်လေးကို ဆွဲထားခဲ့တာ။ အရင်အိပ်ပျော်သွားသူက Jungkookဖြစ်နေတော့ Jimin တစ်ညလုံး Jungkookရဲ့ မျက်နှာနုနုကို ထိုင်ကြည့်နေခဲ့လေတယ်။

"Hyung ကော်ဖီသောက်ဦးမလား။ ကျွန်တော်တော့ အိပ်ပျော်မှာစိုးလို့ ဝယ်သွားမလို့။"

"အင်း.... ငါလည်း သောက်မယ်။"

ထို့နောက် ဘူဆန်မှ ဆိုးလ်မြို့သို့ ဒိုင်ခံမောင်းမယ့်ပုံပေါ်သော ကောင်လေး။ ကားမောင်းရင် ဖြစ်တတ်တဲ့သူ့အကျင့်လေးက ပါးစပ်သေးသေးလေးကို ဟစိဟစိလုပ်နေတာပဲ။ ပြီးရင် ဘာတွေရွတ်နေမှန်းကိုမသိဘူး။ ဒီအချက်သေးသေးလေးကလည်း ကျွန်တော် Jungkookမှာ သဘောကျလွန်းတဲ့ အချက်လေးပေါ့။

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Onde histórias criam vida. Descubra agora