𝟭𝟱

1.3K 168 0
                                        

Unicode

ခေါင်မိုးထက် ကျရောက်နေတဲ့ မိုးသံသဲ့သဲ့ကို Jungkookကြားနေရသည်။ အခုအချိန်က ညနေစောင်းဖြစ်ပေမယ့် အကယ်၍များ မိုးတွေ သည်းလာခဲ့ရင် အခန်းထဲက အခန်းပြင်မထွက်လာသေးတဲ့ Hyungလေး ကြောက်နေလေမလား။ ဒါမှမဟုတ် တစ်နေ့ကလိုပဲ ကိုယ့်ကို အားကိုးတကြီး ကပ်တွယ်နေလေမလား မပြောတတ်ဘူး။

ချွဲဟွာက ပြန်လာကတည်းက လူကို စကားအကောင်းမပြောတဲ့အပြင် ကိ်ုယ်ဘာလုပ်လုပ်မသိချင်ယောင်ဆောင်နေတတ်တဲ့ Hyungပိစိက ဘာတွေအလိုမကျဖြစ်နေလဲ Jungkook မမှန်းတတ်တော့ပါဘူး။

"ညောင်...."

"အိုက်ဂူး.....ဖီဆင်ကြီးပဲ။ ဝေဖာစားမလား။"

ရေခဲသေတ္တာထဲက ဝေဖာလေးတစ်ချောင်းကို ဖီဆင်ကြီးထံချပေးလိုက်ပြီး ဟိုHyungပိစိသောက်ဖို့ ကော်ဖီလေးဖျော်လိုက်တယ်။ ကိုယ်ဖျော်တဲ့ ကော်ဖီတော့ သောက်မှာပါနော်။

ကော်ဖီခွက်နွေးနွေးကိုကိုင်ကာ Jiminရဲ့ အခန်းတံခါးကို အားတင်းကာ ခေါက်လိုက်သည်။

"ဝင်ခဲ့။"

Jungkookလည်း ဝင်လာလိုက်တော့ ပြူးကြောင်ကြောင်လေး ကြည့်လို့နေတဲ့ Hyung။

"​Hyungများ ကော်ဖီသောက်ချင်မလားလို့ပါ။"

"အာ...ထားခဲ့လေ။"

Jungkookလည်း ကော်ဖီခွက်လေးကို Jiminဘေးစားပွဲလေးပေါ်တင်လိုက်ပြီး

"​ခြေထောက်သက်သာရဲ့လား။"

"အင်း..နည်းနည်းတော့ ယောင်နေသေးတယ်။"

"အာ.....မိုးရွာလို့ ကြောက်ရင် ကျွန်တော့်ဆီလာခဲ့နော် Hyung။ တစ်ယောက်ထဲ ဒုက္ခမခံနဲ့။"

အက်မယ်....တစ်ယောက်ထဲ ဒုက္ခမခံနဲ့တောင် ဖြစ်ရသေးတယ်။

"အေး။"

Jungkookလည်း ထွက်သွားလေတော့မှ Jimin စားပွဲပေါ်က ကော်ဖီလေးသောက်ကာ ဆိုးလ်က ယူလာခဲ့တဲ့ စာအုပ်လေးကို အပျင်းပြေဖတ်ရင်း ညနေခင်းအား ကုန်ဆုံးခဲ့သည်။

•••

"သူဋ္ဌေးကတော်, သခင်လေး Jiminက ဘူဆန်ဘက်ကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာပါ။"

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Where stories live. Discover now