𝟭𝟮

1.3K 194 8
                                    

Unicode

"Jimin Hyung အိမ်ရောက်ပြီ။"

Jimin Jungkookအား အိပ်ချင်ယောင်​ဆောင်ရင်းပင် တကယ်လည်း အိပ်ပျော်သွားခဲ့သည်။

"Hyung ထတော့...."

"ငါ့မျက်လုံးကြီး ပြူးပြဲနေတာကို မင်းမမြင်ဘူးလား။ သေအောင်အော်နေတယ်။ တကယ်ပါပဲ အိုက်ဂူး...."

Jiminပါးစပ်မှ နိုးနိုးချင်းပင် စုံပလုံနေအောင် ပြောသွားသည်မို့ Jungkookခမျာတော့ ကားထဲ ေတာင့်တောင့်ကြီးကျန်ခဲ့လေရဲ့။

"ဒီHyung ဘာဖြစ်နေတာလဲ။"

အိမ်ထဲရောက်နှင့်နေသည့် Jiminမှာလည်း သူမတူတဲ့ စိတ်နဲ့ စိတ်ဆိုးနေလေ၏။

"ယောက်ျားကြီးဖြစ်ပြီး ကိုယ်ချစ်ကြိုက်နေတဲ့ မိန်းကလေးရှိရဲ့သားနဲ့ ငါ့ကိုပါ ​ကြိုက်သလိုလာလုပ်နေတာ။ တက်လည်းတက်နိုင်တဲ့ကောင်...။"

"Hyung ဘာတွေပြောနေတာလဲ။"

"ငါ့ဟာငါ ဘာပြောပြောပေါ့။ မင်းအလုပ်လား။"

"တကယ်ပါပဲဗျာ။ ခုဏကပဲ အကောင်းကြီးကနေ ဘာထဖြစ်တာလဲ။"

"ဘာဖြစ်နေလို့လဲ။ ငါလုပ်လို်က်ရ..."

ပုသေးသေးနဲ့ Hyungပိစိက ရွယ်တော့ ခန္ဓာကိုယ်တောင့်တောင့်တင်းတင်းနဲ့ Jungkook တုန်တက်သွားရသည်။ သတ္တိကောင်းချက်ပဲ။

"ကျစ်...."

"ဘယ်သွားမလို့လဲ။"

"အိပ်မလို့။"

"ညစာစားဦးလေ။"

"ကိုယ့်ဟာကိုယ်စားဟာ...။"

ဂျိန်း...

သူဘာဖြစ်သွားတာလဲ။ ငါလည်း ဘာမှ မလုပ်ပါပဲ။ သူ Hae-Eunကို ဒေါသထွက်နေတာနေမယ်။ တော်တော်မွှေတဲ့ Hae-Eunမ။

Jungkookတစ်ယောက်ထဲပဲ ညစာကို တွယ်ရတော့မည်။ ကိုယ်က သူနဲ့ ငြိမ်းချမ်းရေးရသွားလို့ သူ့မျက်နှာလေးငေးလိုက် စကားပြောလိုက်လုပ်မယ်ဆိုပြီး Pizzaတွေပါ မှာထားတာ။ အခုတော့ တစ်ယောက်ထဲ စားရတော့မယ်။

"ဒီလိုမှန်းသိရင် တစ်ချပ်ပဲ မှာပါတယ်။ အခုတော့...."

ဟို Hyungရော စားမယ်အထင်နဲ့ နှစ်ချပ်မှာခဲ့တာ။ ကိုယ်တစ်ယောက်ထဲဆို တစ်ချပ်လုံးကုန်ပေမယ့် နှစ်ချပ်လောက်လည်း မစားနိုင်လောက်ဘူး။

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Where stories live. Discover now