𝟯

1.9K 233 2
                                    

Unicode

Rings.......

စားပွဲပုပေါ်၌ တုန်ခါနေသော နာရီ​ေလးကြောင့် Jungkookနိုးလာခဲ့တယ်။ Jungkook အတွက် တစ်နေ့တစ်နေ့ အိပ်ရာထရတာကို အမုန်းဆုံးဖြစ်သည်။

စိတ်တွေ ရှုပ်ထွေးကာ နိုးလာခဲ့ပြီးမှ နာရီကိုကြည့်လိုက်တော့ ၆နာရီ ခွဲကို ညွှန်ပြနေသည်မို့ အေးဆေးထကာ ရေချိုးရန်ပြင်ရတော့သည်။

မနေ့ညက Hoseok Hyungနဲ့ သွားသောက်ခဲ့တာမို့ ခေါင်းကတော့ နောက်ကျိနေသေးသည်။ မနေ့ကဆို Hoseok Hyungက သူ့ရည်းစားပါခေါ်လာတယ်လေ။ ချောလိုက်တာမှ အရမ်းပဲ။ ဒါပေမယ့် ယောက်ျားလေးဗျ။ Kim Taehyungတဲ့။ အဲ့လိုမျိုး တွဲတာက ကျွန်တော့်အတွက် မရင်းနှီးသေးပေမယ့် တကယ်တော့ ဘာမှ မခြားနားပါဘူး။ သူတို့နှစ်ယောက်က တကယ်ချစ်ပုံပေါ်ကြတယ်။

အင်္ကျီ အဝတ်အစားလဲရင်း လက်ပတ်နာရီကို ပတ်လိုက်ချိန်မှ ခေါင်းတစ်ခုလုံး ကြိမ်းတတ်သွားရသည်။

နာရီက ၈နာရီ ၅၀ကို ညွှန်ပြနေလေပြီ။ ဒုက္ခပဲ။ ခုဏကကြည့်တော့ အစောကြီးပါ။ နာရီက နောက်ကျနေတာလား။ ဒီနေ့ Jungkook အကြောက်ရဆုံး ပါမောက္ခသင်ပြမယ့်နေ့လေ။ သွားပါပြီ။

ရေခဲသေတ္တာထဲက Banana milkကို ခပ်မြန်မြန်ယူကာ လွယ်အိတ်ကို ဆဲွဲပြီး ပြေးရတော့သည်။

"Busရော မှီပါ့မလားကွာ....."

ပြေးနေရင်း ငြီးငြူကာ.....

"ဟာ.....ဟေ့...."

Bus မှတ်တိုင်မှ စထွက်သွားတဲ့ Busကိုမြင်ကာ အလောတကြီး အော်ကာ ပြေးလိုက်ရတော့သည်။

"ရပ်ပါဦး....။"

အနောက်က အသည်းအသန်အော်နေပေမယ့် Busက အတော်ပင် ဝေးဝေးရောက်နေပြီ။

"ဒီလိုနေ့မျိုးမှကွာ....တောက်..."

အနီးရှိ Taxiကိုပဲ ခေါ်ရတော့သည်။ Taxiက ဈေးကြီးတော့ Seokjinဆီက ပိုက်ဆံမတောင်းပဲ ကိုယ့်မုန့်ဖိုး ကို်ယ်သုံးတဲ့ Jungkook အတွက်က မသုံးရပ်နိုင်ဖြစ်ရတာပေါ့။

Taxiနဲ့ပဲ အတန်းသို့လာခဲ့ပေမယ့် အတန်းထဲရောက်ချိန်၌ ပါမောက္ခကြီးက Jungkook အား ဒေါသတကြီး ကြည့်နေလေပြီ။

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Where stories live. Discover now