𝟵

1.3K 203 4
                                    

Unicode

ကျွန်တော် ဒီVideoလေးကို ကြည့်နေမိတာ ဘယ်နှခါမှန်းလည်း မသိတော့ပါဘူး။ သူကတော့ အိပ်ခါနီးမှာပါ တစ်ခါလာပြီး သတိလာပေးကာ ဖြတ်ခိုင်းတယ်။ ဒါပေမယ့် ကျွန်တော် လိမ်လိုက်မိတယ်။ ဒီလို အဖိုးတန် Videoလေးကို ဖြတ်ပြစ်စရာလား။

"သခင်လေး နိုးလာပြီပဲ။"

"ကျွန်တော့်ကို Jungkookလို့ပဲ ခေါ်ပါ ဦးလေး။ သခင်လေးဆိုတာကြီးက တစ်မျိုးပဲ။"

"အဲ့တာဆိုလည်း Jungkookပေါ့။ ဦးလေး မနက်စာအတွက် သစ်သီးတွေ ပြင်ထားပေးတယ်နော်။ သွားစားချည်..။"

"ဟုတ်ကဲ့။"

ဦးလေးအား ဖြေပြီး ဘေးဘီဝှေ့ကြည့်ကာ အတွေ့ချင်မိဆုံး လူသားလေးကို ရှာနေမိတယ်။

"သခင်လေး Jiminက ဦးလေးတို့ စပျစ်ခြံထဲမှာ...။ စပျစ်သီးသွားခူးနေတယ် Jungkookရဲ့။"

ကိုယ်ရှာနေတာကို ဦးလေးက ရိပ်မိသွားဟန်ပြန်ဖြေတော့ ကိုယ့်မှာလည်း မျက်နှာပိုးသတ်ကာ ပြုံးပြလို်က်ရသေး။ သူ့လို နာမည်ကြီး မော်ဒယ်ကလည်း စပျစ်ခြံထဲ စပျစ်ခူးရတာ ကြိုက်သေးတယ်ပေါ့။ အံ့ဘ။ ခင်ဗျားနဲ့ဆို စုံနေရော...။

"Jungkookလေး ဦးလေးလည်း စပျစ်ခြံကို ပြန်မှာဆိုတော့ လိုက်မလား။ မနက်စာစားအပြီးထိ ေစာင့်ပေးမယ်လေ။ သခင်လေးကလည်း ကားယူသွားတော့...."

"ရပါတယ်။ ကျွန်တော်ဘာသာပဲ..."

"စပျစ်ခြံက ဝေးလို့ပါ ငါ့တူရဲ့။"

ဒီလိုပြောတော့ Jungkook အားနာနာနဲ့ပဲ ခေါင်းညိမ့်ပြကာ မနက်စာအား တဇွတ်ထိုးစားပြီး ဦးလေးရဲ့ ကားနဲ့ပဲ ထိုလူရှိရာကို လိုက်လာရတော့တယ်။

"ကိုင်ထား ငါ့တူ။ လမ်းကလည်းကြမ်း...၊ ဦးလေးကားကလည်း စုတ်ဆိုတော့ နည်းနည်းတော့ သ​ည်းခံပြီး စီးပေးပေါ့ကွာ..။"

ဦးလေးက ခပ်ဟဟပြောလာသည်မို့ ကိုယ်ပါ လိုက်ရယ်မိတယ်။ မကြာမီမှာပဲ ဦးလေးတို့ စပျစ်ခြံကို ရောက်လာခဲ့တယ်။ ခြံဝန်းက တော်တော်လေးလည်း ကြီးပြီး သီးနှံတွေနဲ့လည်း ပြည့်နေတာမို့ Jungkookသဘောကျနေလေတယ်။ ထိုနောက် မပါမဖြစ်ယူဆောင်လာတဲ့ ကင်မရာအိတ်ကိုပါ ယူချပြီး ဦးလေးနောက်ကိုလိုက်လာခဲ့တယ်။

~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~Where stories live. Discover now