Unicode
ဒေါက်....ဒေါက်...
ူ
"ဝင်ခဲ့။"Namjoonရဲ့ ခွင့်ပြုချက်ရသည်နှင့် အတွင်းရေးမှူးလည်း ဝင်လာလေတယ်။
"ဒါJungkookဆီက တောင်းခိုင်းထားတဲ့ Video fileတွေလား။"
"မဟုတ်ပါဘူး CEO။ Jungkookဆီကို Vlogရဲ့ fileတွေတောင်းပေမယ့် ပေါ့ပေါ့ပါးပါးဒီဇိုင်းဖြစ်အောင် သူကိုယ်တိုင်လုပ်မယ်ဆိုလို့ပါ။"
"အဲ့လိုကျတော့လည်း မဆိုးပါဘူး။ ဒါပဲမှတ်လား။"
"ဟုတ်ကဲ့။ ခွင့်ပြုပါဦး။"
အတွင်းရေးမှူးလည်း ထွက်သွားပြီဖြစ်တာကြောင့် Namjoonသက်ပြင်းဖွဖွချလိုက်ကာ ဖုန်းစခရင်ကို ဖွင့်လိုက်တယ်။ စခရင်ထက် ကြည်လင်စွာပေါ်လာသည့် ဇနီးမောင်နှံပုံလေး။ တစ်ယောက်အကြည့်မှာ တစ်ယောက်ရဲ့ ယုံကြည်မှုတွေကို ပုံအောထားကာ နူးနူးညံ့ညံ့ပြုံးနေလေတယ်။
Seokjinနဲ့ စစတွေ့တုန်းက သူမက အငယ်တန်း Traineeလေးတစ်ယောက်။ သူမရဲ့ အလုပ်နဲ့ပက်သတ်သမျှကို ဂရုတစိုက်လုပ်တတ်ပြီး အမြဲတက်ကြွနေတတ်တယ်။ သူမရဲ့ အလှဆိုရင် လူတိုင်းက ငေးမောရလွန်းသည်။ Namjoon, Seokjinကို တွေ့တွေ့ချင်းမှာပဲ အောင်မြင်လာမယ့် ကလေးမလေးလို့ မှတ်ယူလိုက်တယ်။ သူမနဲ့ အလုပ်သဘောအရ ရင်းနှီးပြီး ကလေးမလေး အောင်မြင်လာလို့ နေရာတစ်ခုအထိ ရောက်လာမှ ချစ်ရေးဆို ဖွင့်ပြောမယ်လို့ မှန်းထားခဲ့တယ်။
ဒါပေမယ့် တစ်နေ့ ကိစ္စတစ်ခုနဲ့ ကြုံခဲ့ရတယ်။ အဲ့တာက ပါတီပွဲတစ်ခုမှာ ပျော်မြူးပြီး အိပ်ပျော်သွားတာက စတာပါ။ မနက်လင်းတော့ ကိုယ့်ဘေးမှာ တရှုံ့ရှုံ့နှင့် ငိုနေသော သူမ။ ခန္ဓာကိ်ုယ်အား လှည့်ကာကြည့်မိတော့ Seokjinပင်။
သူမငိုနေတာပဲ။ နှုတ်ခမ်းထူထူလုံးလုံးလေးကလည်း တုန်ရီနေသေးတယ်။
"ကျွန်မကို တာဝန်ယူရမယ်။"
Namjoonလက်ခံခဲ့တယ်။ ဒါပေမယ့် ထိုညက ကိစ္စ တစ်လုံးတစ်စိမှ မမှတ်မိခဲ့လေဘူး။ အချိန်တွေကြာ လာတာနဲ့အမျှ သူမ လူသိများတဲ့ မော်ဒယ်တစ်ယောက်ဖြစ်လာပြီး လူတွေရဲ့ နှုတ်ဖျားမှာ ကျွန်တော့်ကို ပိုက်ဆံကြောင့် လက်ထပ်တယ်ဆိုတဲ့ စကားကြောင့် အောင်မြင်မှုလမ်းတော့ ပိတ်စို့နေခဲ့သည်။ Seokjin, Namjoonအား ပြောသည်ကတော့ 'သူတို့ မယုံလည်းရတယ်။ ကလေးက ကို့ကို ချစ်ပြီးသား'ဟုပင်။ ဒီစကားလေးနဲ့ အချိန်အကြာကြီး ယုံကြည်လာပြီးမှ Seokjinက တကယ် ပိုက်ဆံကြောင့် လက်ထပ်တယ်ဆိုတာ သိခဲ့ရတယ်။
CZYTASZ
~•𝖫𝗂𝗍𝗍𝗅𝖾 𝖥𝗅𝖺𝗆𝖾•~
Romans▪𝙹𝚒𝚔𝚘𝚘𝚔 𝙺𝚘𝚘𝚔𝚖𝚒𝚗 ▪𝙱𝚕 𝚏𝚒𝚌𝚝𝚒𝚘𝚗 ▪𝙾𝚠𝚗 𝚌𝚛𝚎𝚊𝚝𝚒𝚘𝚗 𝚂𝚝𝚊𝚛𝚝𝚎𝚍 𝚒𝚗-19.11.2020 𝙴𝚗𝚍𝚎𝚍 𝚒𝚗- 9.6.2021 🔹3𝚛𝚍 𝚌𝚘𝚖𝚙𝚕𝚎𝚝𝚎𝚍 𝚏𝚒𝚌𝚝𝚒𝚘𝚗🔹 🕊𝚁𝚎𝚊𝚍 𝙵𝚘𝚛 𝙵𝚞𝚗🌿 #𝙵𝚒𝚌 𝚌𝚘𝚟𝚎𝚛 𝚋𝚢 𝙸𝚟𝚘𝚗𝚎 #𝚖𝚘𝚛𝚊_�...