Episode 18

1.1K 172 104
                                        

Unicode


ဒီနေ့ကျွန်တော့်ရဲ့မွေးနေ့လေးမို့လို့
သူငယ်ချင်းတွေနဲ့ စားပွဲလေးလုပ်ချင်
တာနဲ့ စားသောက်ဆိုင်လေးတစ်ဆိုင်မှာ
ချိန်းဆိုလိုက်တော့တယ် ။ စားသောက်ဆိုင်
ကိုသွားရင်း လမ်းမှာ စာအုပ်ဆိုင်လေး
တစ်ဆိုင်တွေ့လို့ စိတ်ဝင်စားလို့ ဝင်ကြည့်
မိတယ် ။ စာအုပ်အမျိုးအစားတွေအစုံအလင်
ပါပဲ ။ နောက်ပြီး စာရေးကိရိယာတော်တော်
များများလဲရှိတယ် ။ လှည့်ပတ်ကြည့်နေရင်း
စာအုပ်လေးတစ်အုပ်ရဲ့ အသွင်အပြင်က
ကျွန်တော့်ကို ဝယ်ယူဖို့ဆွဲဆောင်စေတယ် ။
မှော်ဝင်ဇာတ်ကားတွေထဲက မှော်ကျမ်းစာ
အုပ်လိုမျိုးပုံစံနဲ့ မျက်နှာဖုံးကိုချုပ်ထား
တယ်လေ ။ ပြီးတော့အရောင်လေးကလဲ
ရေညှိစိမ်းရောင်လေး....အထူးသဖြင့်
သူကြိုက်တဲ့အရောင်လေးပေါ့ ....

စားသောက်ဆိုင်ကိုရောက်လာတော့
Taemin နဲ့ကျွန်တော်ပဲ ရှိသေးတယ် ။
သူကတော့နောက်ကျတာထုံးစံလိုဖြစ်
နေပြီလေ  ဒါပေမဲ့ ကျွန်တော်စောင့်
နိုင်ပါတယ် ။ သူနဲ့ပတ်သတ်ရင် အရာရာ
ကိုသည်းခံနိုင်စွမ်းကျွန်တော့်မှာရှိတယ် ။
နာရီဝက်လောက်ကြာတော့ သူရောက်လာ
တယ်လေ ။ မှာစရာရှိတာတွေမှာပြီးတဲ့
အချိန်မှာ သူ့လွယ်အိတ်ထဲကနေ ဘူးလေး
တစ်ဘူးထုတ်ပြီး ကျွန်တော့်ထံကမ်းပေး
လာတယ် ။ ကျွန်တော်စိတ်လှုပ်ရှားတော့
အမှန်ပဲ ။ ကျွန်တော်ကြိုက်တဲ့ မိုးပြာရောင်
လေးနဲ့ parking ပိတ်ထားတာလေ ။

ပြီးတော့သူပြောသေးတယ် ။ အဲဒီဘူးလေး
က ကျွန်တော့်အတွက် မွေးနေ့လက်ဆောင်
တဲ့လေ ။ Taemin ကတော့ ချက်ချင်းဖွင့်
ကြည့်ခိုင်းပေမယ့် ကျွန်တော်မကြည့်နိုင်ဘူး။
သူပေးတဲ့လက်ဆောင်လေးကို တစိမ့်စိမ့်
ကြည့်ပြီးကြည်နူးမိမှာဆိုးတယ် ။ ဒါကြောင့်
အိမ်ရောက်မှပဲ ဖွင့်ကြည့်တော့မယ်လို့
စိတ်ကူးလိုက်တယ် ။ သူဘာပဲပေးပေး
​ကျွန်တော်ကျေကျေနပ်နပ်လက်ခံမှာပါ ။

သူပေးတဲ့လက်ဆောင်လေးကိုအမြန်ကြည့်
ချင်တာနဲ့ ကျွန်တော်အမေရှိတဲ့ဆေးရုံကို
တောင်မဝင်နိုင်ပဲ အိမ်ကိုတန်းပြေးလာ
တော့တာပဲ ။ အမေသိရင်ကျွန်တော့်ကို
စိတ်တောင်ဆိုးမလားပဲ။ အိမ်ကိုရောက်
ရောက်ချင်းအဝတ်အစားတောင်မလဲနိုင်
တော့ပဲ သူပေးတဲ့လက်ဆောက်ဘူးလေး
ကိုဖွင့်ဖောက်ကြည့်မိလိုက်တယ် ။

The Truth Untold Where stories live. Discover now