Unicode
နောက်တစ်နေ့ မနက်တွင် Taemin
ကျောင်းသွားရန် Taehyung အိမ်
ကိုရောက်လာသည် ။ အမြဲလာနေကျသူ
ဖြစ်တာကြောင့် ဝင်ခွင့်တွေဘာတွေ
မတောင်းတော့ပဲ ဒီအတိုင်း Taehyung
အခန်းကိုသာ တန်းဝင်လာလိုက်သည် ။" Taehyung ပြီးပြီလား "
" အေး...သွားမယ် "
" မင်းမျက်နှာဘာဖြစ်တာလဲ "
" ဘာမှမဖြစ်ပါဘူး "
" ဘာမှမဖြစ်ရင်ဘာလို့ နုတ်ခမ်း
ထောင့်က ပေါက်နေတာလဲ "" မနေ့က အဖေနဲ့ငါ စကားများ
ကျတယ် ပြီးတော့ ထိုးလိုက်တာပဲ "" လက်ပါတဲ့အဆင့်တောင်ဖြစ်တယ်
ဆိုတော့ မနေ့က ပြသာနာတော်တော်
ကြီးသွားလို့လား "" ဒီလိုပါပဲကွာ...သွားမယ်လေ "
Taehyung နဲ့ Taemin အောက်ထပ်
ကိုဆင်းလာတော့ Soekjin ရဲ့အမေနဲ့
တွေ့တော့သည် ။" သား..."
ထမင်းစားခန်းရှေ့က ဖြတ်လျှောက်တော့
Soekjin အမေက လှန်းခေါ်လိုက်သည် ။" ပြောလေ...အန်တီ "
" သား မနက်စာ စားသွားပါလား
မနေ့ညကလဲ ထမင်းဆင်းမစားဘူးလို့
အဘွားပြောတယ် "" တော်ပြီ... အန်တီ
ကျွန်တော်မစားတော့ဘူး "" နေ...နေပါအုံးသား
ခဏလေးနော် "Soekjin အမေသည် ထမင်းစားခန်းကို
ခပ်သုတ်သုတ်လေးပြေးဝင်သွားပြီး
ခဏအကြာမှာ ပြန်ထွက်လာသည် ။
လက်ထဲမှာလည်း ဗူးလေးတစ်ဗူး
ကိုင်လာလျှက် ။" ရော့...သား
ကြက်ဥလိပ်လေးယူသွား
နော်... သားဆာတဲ့အချိန်
ထုတ်စားပေါ့ "Taehyung သည် ကြက်ဥလိပ်ထည့်
ထားတဲ့ ဗူးကို မယူမိသေးပဲ သေချာ
စိုက်ကြည့်နေမိသည် ။ သူစိမ်းတစ်ယောက်
ကတောင် သူညစာဆင်းမစားတာကို သတိ
ရသေးတယ် ။ သူ့အမေကတော့ သိတောင်
သိရဲ့လားမသိ ။ Taehyung မိဘတွေ
ပေါ်စိတ်နာတာလည်းမမှားပါ ။ စိတ်နာ
ပိုင်ခွင့်ရှိတယ်မလား ။ မိဘနဲ့သားသမီး
ဆိုတာ အမြဲတမ်းမဟုတ်ရင်တောင်
တတ်နိုင်သလောက်တော့ တစ်ယောက်နဲ့
တစ်ယောက် ဂရုစိုက် ၊ နွေးထွေးမှုလေး
တွေရှိသင့်တယ် ။
