Final Part

1.9K 163 46
                                    

Unicode

Kim Sokekjin
**************

ကျွန်တော်သူနဲ့အဆက်အသွယ်ပြတ်တောက်
ခဲ့တာ လအနည်းတောင်ကြာခဲ့ပြီလေ ။ အသံ
လေးကြားချင်ရင်တောင် အရင်ကဖုန်းပြော
ခဲ့ဘူးတဲ့ recording တွေပဲ ပြန်ပြန်နား
ထောင်နေရတယ် ။ မျက်နှာလေးမြင်ချင်
ရင်တောင် အတူတူရိုက်ခဲ့ဖူးတဲ့ဓာတ်ပုံလေး
တွေကို ထုတ်ထုတ်ကြည့်မိတယ် ။ သူထား
သွားပြီးတဲ့နောက်ပိုင်းမှာ အရာရာနေသား
ကျပြီလို့ ထင်ရပေမယ့်လည်း ကျွန်တော့်ရဲ့
နှလုံးသားမှာတော့သူ့ရဲ့ရိုက်ခတ်မှုကအမြဲ
ရှိနေတတ်တယ် ။ Recording လေးပြန်
နားထောင်ရင်း မျက်ရည်ဝဲမိတဲ့အခါတို့
ဓာတ်ပုံလေးတစ်ပုံကြည့်နေရင်း အရမ်း
သတိရလာတာတို့ အမှတ်တရလေးတွေ
သတိရတိုင်း ရင်ဘတ်ထဲက ဆူးအောင့်
လာတတ်တာတို့ပဲ ရှိတာပါ ။

Taemin ဆီကတော့ သူ့အကြောင်းလေး
ကြားမိပါတယ် ။ သူအရာရာအဆင်ပြေ
နေတယ်တဲ့လေ ။ ဒါဆိုရင် ရပါပြီ...
သူကျွန်တော့်က်ိုလေ အကြောင်းပြချက်
မပေးပဲထားခဲ့တယ်ဆိုပေမယ့် သူ့ကို
တစ်ချက်ကလေးမှ အပြစ်မမြင်မိပါဘူး
သူဘယ်မှာနေလဲဆိုတာ မသိပေမယ့်
လည်း ကမ္ဘာလောကကြီးရဲ့တစ်နေရာမှာ
သူအေးချမ်းစွာနေထိုင်ဆိုတဲ့အသိနဲ့တင်
ကျွန်တော်ပီတိဖြစ်ရပါတယ် ။ အဲဒါ
ကျွန်တော့်အချစ်ရဲ့ ခွန်အားပဲ ။

ကျွန်တော်ဆေးရုံမှ မေ့မျောနေတဲ့
အချိန်က သူ့ကိုအိပ်မက်မက်တယ် ။
သူကျွန်တော့် နားကိုကပ်ပြီးတိုးတိုး
လေးပြောခဲ့တဲ့စကားတစ်ခွန်းက

" ငါ့ရဲ့ချစ်ရတဲ့ လမင်းရေတဲ့ "

ဘယ်လောက်တောင် မြတ်နိုးရတဲ့
စကားလေးလဲ ။ ပြီးတော့သူ ကျွန်တော့်
ကို ကျန်းမာစွာနေဖို့ ပြောနေတယ် ။
ဒါတွေပဲ ကျွန်တော့်စိတ်ထဲမှတ်မိနေတာ..
စိတ်ချပါ.. ကျွန်တော်က သူ့နုတ်ကစကား
တိုင်းကို သူ့ရဲ့စိတ်ကွယ်ရာအရပ်မှာ
ဖြစ်နေရင်တောင်  တန်ဖိုးထားနေမှာ....

Kim Taehyung
***************

နိုင်ငံခြားကိုရောက်ရောက်ချင်း အဆင်
ပြေတဲ့အရာ ဘာမှမရှိခဲ့ဘူး ။ နေထိုင်
စားသောက်ရေးရော ပြီးတော့ သူ့ကို
လွမ်းတာရော ။ နေထိုင်စားသောက်ရေး
က အဆင်မပြေလည်း သည်းခံနိုင်ပေမယ့်
သူ့ကိုလွမ်းတာကိုတော့ ကျွန်တော်​ မခံ
နိုင်ဘူး ။ ဒါပေမဲ့ အဖေက ကျွန်တော့်
ကို သူ့ရဲ့သွားလာလှုပ်ရှားပုံတွေကို
Mail နဲ့ တစ်ပတ်တစ်ခါ လှမ်းလှမ်းပို့
ပေးတယ် ။ စစချင်းတော့ ဓာတ်ပုံလေး
မြင်တာတောင် ငိုချင်ပေမယ့်လည်း
အခုတော့ သူ့ပုံလေးကြည့်ပြီး ကျွန်တော်
ပြုံးမိလာတယ် ။ သူ့ကို ကျွန်တော် ယုံကြည်
တယ် ။ သူကျွန်တော်ပြန်လာတဲ့အထိမျှော်
နေမယ်ဆိုတာ ။ သူက ကျွန်တော့်ကို
သိပ်ချစ်တာလေ ။

The Truth Untold Where stories live. Discover now