Unicode
Soekjin တို့ သားအမိ နှစ်ယောက် ညတွင်းချင်းပဲ Soekjin အဖေအလုပ်လုပ်ရာ ငါးဖမ်းသဘော် company ကို ရောက်လာတော့သည် ။
သေလားရှင်လား မသိရေသးတဲ့ ယောကျာ်းဖြစ်သူကိုစိုးရိမ်နေခဲ့တယ် ။ Soekjin က်ိုယ်တိုင်လည်း ထိုသတင်းကို ကြားကြားချင်း သွေးဆူမတတ်စိုးရိမ်ခဲ့ပါသည် ။ သို့ပေမယ့်လည်းသူအရမ်းပျာယာခတ်နေရင် သူ့အမေပိုကာဆိုးပေတော့မည် ။ ဒါကြောင့် စိတ်ကိုတင်းကာ အမေနဲ့အတူ အလုပ်ကိုရောက်လာတော့သည် ။" ဘယ်လိုဖြစ်ရတာလဲရှင်...ကျွန်မယောကျာ်းသတင်းကြားရပြီလားဟင် "
Manger ဖြစ်သူလည်း ရှည်လျားလှတဲ့ သက်ပြင်းရှည်ကြီး တစ်ချက်ချကာ မျက်နှာငယ်နဲ့ ထိုင်နေတဲ့ သူ့ရှေ့က သားအမိနှစ်ယောက်ကို တစ်ချက်ကြည့်လိုက်တော့တယ် ။
" ခုလိုဖြစ်သွားတဲ့ အတွက် ကျွန်တော့်တို့အားလုံးလဲ စိတ်မကောင်းဖြစ်နေရပါတယ် သဘော်မှောက်တဲ့သတင်းကို ကြားကြားချင်းကျွန်တော့်တ်ို့အားလုံးလဲ အစိုးရနဲ့ ပူးပေါင်းပြီး ရှာဖွေနေကျပါတယ် ခက်တာက အစ်မရယ် အဲဒီသဘော်နဲ့လိုက်ပါသွားတဲ့ အလုပ်သမား အယောက် 20 လုံးလုံးခုထိရှာဖွေလို့ မတွေ့ရသေးပါဘူး "
" အမလေး....."
Soekjin ရဲ့ အမေသည် မိန်းမသားဖြစ်တာမို့ကြားလိုက်ရတဲ့ သတင်းကို ခံနိုင်ရည်ရှိအောင် ခုခံဖို့ သူမမှာအားမရှိပါ ။ ဝမ်းနည်းကြီးစွာ ရှိူက်ကြီးတငင်ငိုနေမိတော့သည် ။ Soekjin ကယောက်ျားလေးဖြစ်တာမို့ ငိုချင်တာတောင်အံကြိတ်တင်းခံနေသည်။
ယောကျာ်းနဲ့မိန်းမ တန်းတူအခွင့်အရေးရနေပြီလို့ ကြွေးကြော်နေတဲ့ ခေတ်ကြီးမှာ Soekjin တစ်ယောက် စိုးရိမ်နေတာတောင် သူ့အမေနဲ့ တန်းတူငိုခွင့်မရှိခဲ့ပါ ။ ခဏအကြာသူတို့လိုပဲ သက်ဆိုင်ရာမိသားစုတွေ ရောက်လာပြီး အခြေအနေ လာမေးကျတော့တယ် ။ အကုန်လုံးငိုရိုနေကျပေမယ့်လည်း ကောင်လေးတစ်ယောက်တော့ အမေဖြစ်သူရဲ့ လက်ဖဝါးလေးသာတင်းတင်း ဆုတ်ကိုင်ပြီးအားပေးနေရှာတယ် ။
ည 11 နာရီလောက်တော့ ဆိုင်ရာမိသားစုတွေလည်း ဝမ်းနည်းစွာ ပြန်ကုန်ကျပြီ ။ Soekjin သားအမိ
မပြန်ဖြစ်သေး ။ သူ့အမေက စောင့်ချင်တယ်ဆိုလို့နေပေးနေရသည် ။ ဒါပေမယ့် နောက်ကျနေပြီမို့ ဖျောင်းဖျရတော့သည် ။