Unicode
Taehyung ရဲ့အမေ နဲ့ Taehyung တို့
နှစ်ယောက်အတူတူ Soekjin ကို ဆေးရုံ
လိုက်ပို့ပေးသည် ။ ဆေးရုံကိုရောက်လာ
တော့ နှစ်ယောက်လုံးက အရေးပေါ်လူနာဖြစ်
တာကြောင့် ဆရာဝန်တွေအလုပ်ရှုပ်သွား
တော့သည် ။ Soekjin ကို အရေးပေါ်ခွဲစိတ်
ခန်းကိုပို့ဆောင်ကာ Taehyung ကိုတော့
ဆေးကုသခန်းခေါ်သွားရတော့သည် ။
Taehyung လက်က သွေးတိတ်အောင်
ပတ်တီးနဲ့ပဲစည်းထားရတာဆိုတော့
သွေးကလုံးဝမတိတ်သေး ။ နည်းနည်းနဲ့
တစ်စက်စက်ထွက်ကျနေသည် ။ ဆေးရုံ
ကိုရောက်လာတော့ Taehyung ရဲ့
မျက်နှာနဲ့နုတ်ခမ်းက ဖြူဖတ်ဖြူရော
ဖြစ်နေသည် ။ ဆရာဝန်တွေက Taehyung
ကို ကုသခန်းခေါ်လာတော့ လက်မခံပဲ
Soekjin ဆီသွားမယ်ပဲပြောနေတော့သည် ။" ရှင်အဲလိုလုပ်လို့မရဘူး...
ရှင်လုပ်ထားတာ ပိုပြီးအသက်အန္တရာယ်
ရှိတယ် ...အချိန်နောက်ကျရင် ဒီထက်ပိုဆိုး
သွားနိုင်တယ်နော်.. ကျွန်မပြောတာနား
ထောင်ပေးပါ "" ကျွန်တော် Soekjin ဆီသွားချင်တယ် "
" ရှင် ရုန်းနေရင်အချိန်ပိုကြာသွား
နိုင်တယ်...ကျွန်မမြန်မြန်နဲ့အပြီးသတ်
ပေးမှာမို့ ခဏပဲငြိမ်ငြိမ်နေပေးပါ
ရှင်ကျွန်မစကားနားမထောရင်ရှင့်ကို
မော်ဖိန်းထိုးပေးရလိမ့်မယ် "" သားရယ်...Soekjin ဆီအမေသွား
စောင့်ပေးမယ်နော်... သားဒီမှာပါ
ဆရာမပြောသလို ငြိမ်နေပေးနော် "" ဟုတ်...အမေ..
Soekjin ဆီသွားကြည့်ပေးပါနော် "" အင်းပါ...သား...စိတ်ချနော် "
" ဟုတ် "
Taehyung အမေဝင်ပြောမှ Taehyung
ငြိမ်နေကာ ဆေးကုသမှုခံယူတော့သည်။
နာရီဝက်လောက်ကြာတော့ Taehyung
ရဲ့လက်ကောက်ဝတ်ကွဲတဲ့နေရာကို
ချုပ်ပြီး သွေးထက်မထွက်အောင်
ပတ်တိီးစည်းပေးလိုက်သည် ။" ရှင့် ဒဏ်ရာကို ပေါ့လို့မဖြစ်ဘူးးနော်
လှုပ်ရှားမှုများရင်ချုပ်ရိုးပြေသွား
နိုင်တယ်...ပြီးတော့ ရှင့်ရဲ့ချစ်သူ
ကောင်လေးကိုလည်းအရမ်းစိတ်မပူ
ပါနဲ့... အတွင်းဒဏ်ရာရှိမရရှိကိုတော့
ဓာတ်မှန်ရိုက်ရင် result ထွက်မှာပါ "
