Episode 27

844 137 30
                                    


Unicode

ကျွန်မ အလုပ်ကိစ္စနဲ့ ဂျပန်ကို
ရောက်နေတာ တစ်ပတ်နီးပါးရှိနေပြီ ။
အလုပ်ကိစ္စတွေ ပြတ်ခါနီးမို့လို့လား
မသိဘူး ကိုရီးယားကို မြန်မြန်ပြန်ချင်
မိတယ် ။ ကိုယ့်အမိမြေကိုလွမ်းလို့ပြန်
ချင်တယ်လို့ပြောရင် နည်းနည်းရယ်စရာ
ကောင်းလိမ့််မယ်ထင်တယ် ။ အမှန်ဆို
ငြိမ်းချမ်းရေး ဆည်းလည်းလေးအသွင်
ဆောင်ထားတဲ့ သူ့ဆီကို ပြန်ချင်နေတာဆို
ပိုမှန်လိမ့်မယ် ။ ကိုရီးယားကိုပြန်ရောက်
ရင် ကျွန်မမှာ အလုပ်ကိစ္စထပ် အရေးကြီး
တာလုပ်စရာတွေရှိသေးတယ် ။ ပထမဆုံးက
Jungki နဲ့ ကွာရှင်းဖို့ပဲ ။ ဒါပေမဲ့ Jungki
က ကျွန်မကိုလွယ်လွယ်နဲ့ ကွာမရှင်းပေးဘူး
ဆိုတာ ကျွန်မသိတယ် ။ နည်းလမ်းတစ်ခုခု
တော့ရှိနေဦးမှာပါ....

" Tee....Tee....Tee...."

အတွေးထဲနစ်မျှော်နေစဥ်မှာပင်
ဖုန်းဝင်လာတော့ မျှော်နေသူများ
ဖြစ်မလားလို့ ကြည့်မိလိုက်ရာ
ဖုန်းနံပါတ်အစိမ်းဖြစ်နေတာမို့
မျက်နှာရှုံ့မိသေးသည် ။

" Hello "

" Sora....ကို လေ "

အသံကြားတာနဲ့တင် ရွံနေပြီမို့
ဖုန်းချလိုက်သည် ။ ဒါပေမဲ့
နောက်တစ်ခါထပ်၍ ခေါ်လာသည်။

" နင်သိပ်အားယားနေလား "

" ကို သတိရလို့ပါ "

" နင်ငါ့ဆီကဘာလိုချင်တာလဲ "

" ကိုလိုချင်တာ Sora ပေးနိုင်မှာလား
ကိုတို့အရင်လို ပြန်နေချင်တယ် "

" နင်မျက်နှာပြောင်တိုက်တာ
အရမ်းများနေပြီ Jungki ကို
ဖြတ်တယ် ငါ့ဆီလာတယ်
နင်ရူးများသွားပြီလား "

" ကို Sora ကိုအခုချိန်ထိ
ချစ်နေသေးတယ်ဆိုတာ
ကို သိလိုက်ရလို့ သူ့ကိုထားခဲ့
ပြီး Sora ဆီပြန်လာတာပါ
ကိုတို့အရင်လိုနေရအောင်နော် "

" စောက်ရေးမပါတာတွေ
လာပြောမနေနဲ့ Kim Chaeyoung "

" Sora သူ့ကို မပေါင်းသင်းချင်
တော့ ကို သိတယ် သူတို့ကွာလိုက်ပြီး
ကိုနဲ့လာနေပါလားဟင် "

" မဖြစ်နိုင်..."

Sora ရဲ့ဆက်ပြောချင်တဲ့စကားလုံးတွေ
သည် လေထဲမှာတင်ရပ်တန့်ကုန်သည်။
အတွေးတစ်ခုဝင်လာချိန်တွင် သူမ
ပြောချင်တာတွေကို ရုတ်သိမ်းပြီး
ပြောသင့်တယ်ထင်တာတွေကို
ပြောလိုက်သည် ။

The Truth Untold Where stories live. Discover now