Unicode
"ကျွန်တော် လက်ခံပါ့မယ် "
Taehyung သည် သူ့အဖေရဲ့အလောင်း
အစားကို ရဲဝင့်စွာလက်ခံလိုက်သည် ။" ကောင်းပြီ...မင်း ဒီနေ့ကစပြီး
သူ့ကိုမတွေရဘူး ဖုန်းလည်းမဆက်
ရဘူး ဘယ်လိုနည်းနဲ့မှ ဆက်သွယ်
ခြင်းမလုပ်ရဘူး တစ်ပတ်အတွင်း
နိုင်ငံခြားမှာကျောင်းသွားရမယ် "" အဲလောက်ထိ သူနဲ့ကျွန်တော့်ကို
လုပ်ပစ်မလို့လား "" မင်းဒီမှာဆက်နေရင်တစ်နေရာမဟုတ်
တစ်နေရာမှာတွေ့မိနေမှာပဲ ဟိုမှာပဲ
ကျောင်းသုံးနှစ်တက်ရမယ် ကျောင်း
ပိတ်ရက်ရောက်ရင်တောင် ဒီကိုပြန်မ
လာနဲ့ ငါတို့တစ်အိမ်လုံးမင်းရှိနေတဲ့
နေရာလာတွေ့မယ် သုံးနှစ်ပြည့်သွား
တဲ့အခါ သူကမင်းကို သစ္စာရှိသေး
တယ် မမေ့သေးပါဘူးဆိုရင်တော့
ငါကြားမဝင်တော့ဘူး သူသာ သစ္စာ
ဖောက်ခဲ့ရင် သူ့ကိုမေ့ပစ်ရမယ် "" တစ်ခုပဲထပ်ပြီးတောင်းဆိုချင်တယ် "
" ပြောလေ "
" သူ သတိမရခင်အချိန်လေးမှာ
သုံးနှစ်တာကာလအတွက် တစ်ချက်
လောက်တော့သူ့ကိုကြည့်ပါစေ "" ရတယ်...အဲလောက်တော့
လုပ်ပေးနိုင်တယ် မင်းဟို
ရောက်နေတဲ့သုံးနှစ်လုံးမှာလဲ
ငါတို့ကသူ့ကိုစောင့်ကြည့်ပေး
မယ် သူသစ္စာမဖောက်သရွေ့
သူဘာလုပ်နေတယ်ဆိုတာ
အမြဲပုံမှန်ပြောပြပေးမယ်
သူသာ သစ္စာဖောက်ခဲ့ရင်ငါတို့
လည်း ဆက်စောင့်ကြည့်စရာ
မလိုတော့ဘူး "" ကျေးဇူးတင်ပါတယ် "
" မင်းသူ့ဆီခဏသွားလို့ရပြိီ "
Taehyung လည်းသူ့အဖေနဲ့စကား
ပြောပြီးတာနဲ့ Soekjinရှိရာဆီထွက်
လာတော့သည် ။ Taehyung ပြန်
ရောက်လာချိန် Soekjin ကခွဲစိတ်ခန်း
ထဲကထွက်လာကာ လူနာနားနေခန်းထဲ
မှာတောင်ရောက်ရှိနေပြီဖြစ်သည် ။
Taehyung တို့သားအဖအခန်းထဲ
ရောက်လာတော့ Taehyung အဖေက
Taehyungရဲ့အမေကို မသိသာလေး
ခေါင်းငြိမ့်ပြလိုက်သည် ။ ထိုတော့မှ
Taehyung အမေလည်း အသက်
ဖြောင့်ဖြောင့်ရှူရဲတော့သည် ။" အမေ သူထွက်လာတာ
ကြာပြီလား "" ဆယ်မိနစ်လောက်ပဲရှိသေး
တယ်သား ဦးခေါင်းခွဲစိတ်ထားတဲ့
အရှိန်ကြောင့် သတိပြန်ရလာဖို့
သုံးရက်လောက်တော့အနည်းဆုံး
ကြာနိုင်တယ်တဲ့ "