Unicode
" ချက်ချင်းကြီး Board အဖွဲ့က
အစည်းအဝေးခေါ်တယ်ဆိုတော့
ဘာဖြစ်လို့လဲ "Sora သည် အစည်းအဝေးခန်းမရဲ့
ထိပ်ဆုံးဥက္ကဋ္ဌနေရာမှာ ထိုင်ကာ
စကားဆိုလိုက်သည် ။ Hotel project
မှာ တက်နေတဲ့ Error ကိုရှင်းလို့တောင်
မပြီးသေးချိန်တွင် Board အဖွဲ့က
အရေးကြီးအစည်းဝေးရှိတယ်ဆိုလို့
အခုသူမခန်းမထဲရောက်ရှိနေသည် ။
Korea မှာရှိတဲ့ Share membersတွေ
အားလုံးလဲ အစည်းအဝေးတက်ရန်
ခန်းမထဲရောက်ရှိနေသည် ။သူမသည် Company ရဲ့ ဥက္ကဋ္ဌ
ဖြစ်တာမို့ Board အဖွဲ့ကခေါ်တဲ့
အစည်းအဝေးတက်ရောက်ရန်
Korea ကိုချက်ချင်းပြန်လာရန်
မဖြစ်နိုင် ။ ဒါကြောင့် Share member
အားလုံးကို သူမအလုပ်ရှိရာ
ရောမမြို့ ကိုပဲ ခေါ်ကာ အစည်းအဝေး
ခေါ်လိုက်တော့သည် ။" အကြောင်းအရင်းကတော့
ကျွန်တော့်တို့အားလုံးရဲ့ဆန္ဒအရ
အခု ဥက္ကဋ္ဌက ရာထူးနဲ့ကိုက်ညီမှု
မရှိတာမို့ ဆက်ပြီးဥက္ကဋ္ဌနေရာမှာ
နေသင့်မနေသင့် ဆုံးဖြတ်ချင်တာ
ကြောင့်အခုလို အစည်းအဝေးကိုခေါ်
ယူလိုက်ရတာပါ "" ဘာ!!! "
Sora သည် မိန်းကလေးဖြစ်ပေမယ့်
အသံနက်သည် ။ သြဇာအာဏာရှိတဲ့
အသံပိုင်ရှင်မျိုးဖြစ်သည် ။ အခုကြား
လိုက်ရတဲ့စကားကြောင့်လည်း သူမရဲ့
အာမေဋိတ်အသံသည် တစ်ခန်းလုံးကို
လွှမ်းခြုံသွားတော့သည် ။" ဘာကြောင့် ကျွန်မကိုရာထူးနဲ
ကိုက်ညီမှုမရှိဘူးလို့ ရှင်တို့က
ပြောရတာလဲ...."" အခု ဥက္ကဋ္ဌကိုယ်တိုင် ဦးစီးဦးဆောင်
လုပ်နေတဲ့ Hotel Project က ဒါနဲ့ဆို
Error တက်တာ သုံးကြိမ်မြောက်ရှိ
နေပါပြီ...အမှန်ဆို မနှစ်ကဆောင်းဦး
ရာသီအမှိီဖွင့်ဖို့ရည်ရွယ်ထားတဲ့ Hotel
က အခုဆို တစ်လလောက်ကိုနောက်ကျ
နေတဲ့အတွက် ကျွန်တော့်တို့အတွက်
ငွေကြေးဆိုင်ရာ ထိခိုက်နစ်နာမှုတွေ
ရှိလာနိုင်ပါတယ်....နောက်တစ်ခုက
တော့ ဒီကာလတို သုံးလေးလ အတွင်းမှာ
ကျွန်တော့်တို့ BH Construction ရဲ့
အရည်အချင်းတွေကို မကြိုက်တာ
ကြောင့် ပြန်အပ်ပြီး စရံငွေထုတ်သွားတဲ့
Customer တွေလည်း သုံးဦးလောက်ရှိ
နေပါပြီ...ဒါကြောင့် ဒီလိုမျိုးခဏခဏ
ကြုံနေရင် ကျုပ်တို့ Company image
ထိခိုက်နိုင်တယ်...."
