Unicode
ဒီနေ့မနက်ကျတော့ Soekjin ကျောင်း
သွားမယ်လုပ်တော့လည်း သူ့အမေကို
မတွေ့တော့ ။ အလုပ်သွားပြီနဲ့တူပါတယ် ။
Soekjinလည်း ထမင်းစားပွဲပေါ်မှာ
သူ့အတွက် ထမင်းချိုင့်လေး ထည့်ထား
ပေးမလားလို့သွားကြည့်တော့လည်း မတွေ့ ။
ဝမ် 10000 တန်လေးတစ်ရွက်သာ
တွေ့ရသည် ။ Soekjin ကဘယ်တုန်း
ကမှ သူ့အမေနဲ့ပတ်သတ်ပြီးအပြစ်မတင်ပါ ။
သူ့အမေ ပင်ပန်းတာကို သူနားလည်သည်။
ပိုက်ဆံ 10000 တန်လေးကိုတော့
သူ့အမေ စိတ်ချမ်းသာအောင် ယူခဲ့ရ
သည် ။ နောက်မှစုပြီးပြန်ပေးမယ်လို့သာ
ဆုံးဖြတ်ထားသည် ။ဒီလိုနဲ့ Soekjin ကျောင်းကိုရောက်
လာတော့ အခန်းထဲကိုဝင်လာပြီး
ကိုယ့်နေရာမှာကိုပဲ အေးဆေးထိုင်
နေတယ် ။ ကျောင်းတက်ဖို့သိပ်မလို
တော့တဲ့ အချိန်မှာ အခန်းထဲက
အသဲအသန်ပြေးဝင်လာတဲ့ သူနဲ့
ရွယ်တူ ကောင်လေးနှစ်ယောက် ။
ဒီအခန်းထဲကျောင်းသားအားလုံးသည်
ပိုက်ဆံရှိသားသမီးတွေပဲ ဆိုတာ
Soekjin ကောက်ချက်ချမိသည် ။
ဘာလို့လဲဆိုတော့ တခြားအသုံးအဆောင်
လွယ်အိတ် ဖိနပ် phone တွေက
စျေးကြီးကြီးပေးဝယ်ရတဲ့ Brand
တွေချည်းသာ ။ ဒါကြောင့်လည်း
သူ့လို မပြည့်စုံတဲ့သူကိုဘယ်သူမှ
မပေါင်းချင်မှာ မဟုတ်ဘူးဟုသာ
ထင်မှတ်ပြီး တစ်ယောက်တည်းပဲ
နေရန် ဆုံးဖြတ်လိုက်တော့တယ် ။ပထမတစ်ချိန်စာသင်လို့ ပြီးသွားသည့်
အချိန် ဒုတိယ ဆရာမလာသေးခင်
ကျောင်းသားများနည်းနည်းတော့
ဟိုလျှောက်ဒီလျှောက်လုပ်နေသည် ။
Soekjin ပြတင်းပေါက်အပြင်ဘက်
ကို ငေးနေရင်း အနောက်ကနေ တစ်
ယောက်ယောက်ရဲ့ ခေါ်သံကို ကြား
လိုက်ရသည် ။" ကျောင်းသားသစ်...."
Soekjin လှည့်ကြည့်လိုက်တော့
သူ့အနောက် မျက်စောင်းထိုးခုန်မှာ
ထိုင်နေတဲ့ ကောင်လေးခေါ်နေတာ
ဖြစ်သည် ။" ရော့...ဒါမင်းဘောပင်လား
အောက်ကျပြီး ငါ့ဘက်လိမ့်လာလို့ "" ဪ....ဟုတ်တယ်
ကျေးဇူးပဲနော် "Soekjin လည်း ကမ်းပေးတဲ့
ဘောပင်ကိုပြန်ယူကာ အပြုံးအေးအေး
နဲ့ပဲ ကျေးဇူးတင်စကားပြောလိုက်တယ် ။