Unicode
လူတိုင်းမှာ မထင်မှတ်တဲ့အခိုက်အတန့်လေး
တစ်ခုမှာ ကိုယ်ကိုတိုင်တောင် မထင်မှတ်
ထားတဲ့ အပြုအမူမျိုး ပြုမူမိကျမယ်လို့
ထင်တယ် ။ ကျွန်တော်ကိုယ်တိုင်လည်း
အဲဒီလိုပါပဲ ။ ကျွန်တော်နဲ့အနီးဆုံးမှာရှိ
နေတဲ့သူကို ဖက်တွယ်ချင်လာတယ် ။
နမ်းရှိုက်ချင်လာတယ် ။ ဒါကြောင့်သူ့ကို
ကျွန်တော်နမ်းလိုက်မိတယ် ။ ကျွန်တော်
နမ်းပြန်တော့လည်း သူက မရုန်းပြန်ဘူး။
သူကရော ကျွန်တော့်အပေါ် ဘယ်လိုစိတ်
ရှိနေမလဲ...ကျွန်တော်အတွေးများလိုက်တာ..Taehyung သည် သူ့ရဲ့ မျက်ဝန်းတွေ
မှိတ်ထားကာ နမ်းနေစဥ်မှာပင် မျက်ဝန်း
တွေကိုပြန်လည်ဖွင့်ယူကာ အပေါ်ကိုကြည့်
လိုက်တော့ သူတို့နှစ်ယောက်ကိုရှာနေတဲ့
Taemin မရှိတော့တာမို့ နမ်းနေရာမှပြန်လည်
ခွာယူလိုက်တော့သည် ။ Taehyung သည်
Soekjin ရဲ့လက်ကိုဆွဲပြီး ရေပေါ်သို့ပြန်
ကာကူးတက်သွားတော့သည် ။ နှစ်ယောက်
အတူတူရေပေါ်ပြန်ရောက်လာတော့
တစ်ယောက်နဲ့တစ်ယောက် အဓိပ္ပါယ်ဖော်
မရသောမျက်ဝန်းတွေနဲ့ကြည့်နေမိပြန်သည်။" အေး.....အေး...ငါထင်တယ်
ငါထင်တယ် မင်းတို့ဒီရေကန်ထဲပဲ
ရှိမှာပါလို့ အခုပြန်တက်ခဲ့ဟိုဘက်ရေ
ကန်ကိုသွားမယ် "အပေါ်ကနေ Taeminကလှန်းအော်ပြော
လိုက်တဲ့အခါ နှစ်ယောက်လုံးလျှိုးတိုးလျှမ်း
တန်းဖြစ်သွားတော့သည် ။" အေးအေး "
Taehyung က ဖြေလိုက်သည် ။
" သွားရအောင်လေ Soekjin "
" အင်း "
နှစ်ယောက်အတူတူကန်ပေါ်ပြန်တက်လာပြီး
တစ်ဖက်ကရေကန်သို့သွားကာ ရေကူးလိုက်
နားလိုက် အေးအေးဆေးဆေးဆော့ပြီး
ညနေစောင်းအချိန်လောက်ရောက်မှ
တည်းရာ Hotel ကိုပြန်လာတော့သည်။Hotel မှာ ညစားစားတဲ့အချိန်ရောက်လာ
တော့သုံးယောက်အခန်းထဲမှာမစားတော့ပဲ
အပြင်ထွက်စားတော့သည် ။ ညစာအတူတူ
စားကျတော့လည်း Soekjin နဲ့ Taehyung
သိပ်စကားမပြောဖြစ် ။ အကြည့်ချင်းလဲ
မဆုံကျပါ ။ တစ်ယောက်နဲ့တစ်ယောက်
ရှောင်နေကျသည် ။
