Episode 12

1.4K 205 43
                                        

Unicode

Sora သည် လက်ဝတ်ရတနာဆိုင်တစ်
ဆိုင်ကို ရောက်ရှိနေသည် ။ မိန်းကလေး
တို့သဘာဝအရ လက်ဝတ်ရတနာလေးတွေ
ဝယ်ပြီးစုထားချင်တာမို့ အခုလည်း ဝယ်နေ
ကျ လက်ဝတ်ရတနာ ဆိုင်ကိုရောက်လာ
သည် ။

" မမလေး....မလာတာကြာပြီနော် "

" ဟုတ်တယ်...ဒီတောအတွင်း
တော်တော်အလုပ်ရှုပ်နေတာလေ
နောက်ဆုံးပေါ် Design လေးတွေ
ပြကြည့် "

" ဟုတ်ကဲ့ပါ...မမလေး
ကျွန်မနောက် လိုက်ခဲ့ပေးနော်"

လက်ဝတ်ရတနာဆိုင်သည် ဆိုင်ဝန်း
ကျယ်တာမို့ counter သုံးခုခွဲထားသည်။
အရှေ့ counter အလယ် counter
နဲ့ အနောက် counter ဟူ၍ counter
သုံးခုရှိသည် ။ Sora သည် အလယ် counter
တွင် လက်ဝတ်ရတနာရွေးရန် လာခဲ့သည် ။
Sora သည် အရောင်းဝန်ထမ်းမိန်းကလေး
တည်ခင်းပြသော လက်ဝတ်ရတနာတွေ
ကိုကြည့်နေရင်း ဆိုင်ထဲသို့ဝင်လာတဲ့
အတွဲ တစ်တွဲကို မထင်မှတ်ပဲအကြည့်
ရောက်မိသွားသည် ။

" အတွင်းရေးမှူး Park..."

သေချာတယ်...အတွင်းရေးမှူး Park မှ
အတွင်းရေးမှူး Park အစစ် ။ Jung Ki
ရဲ့ ချစ်သူဆိုတော့လည်း မှားစရာအကြောင်း
မရှိပဲ မှတ်မိနေသည် ။ အစကတော့ မတွေ့
ချင်ယောင်ဆောင်မယ်လို့ စိတ်ကူးထားပေ
မယ့်လည်း အခုက အတွင်းရေးမှူး Park
ရဲ့ ဘေးမှာကောင်မလေးတစ်ယောက်ပါ
ကပ်ပါလာတာကြောင့် မမြင်နိုင်တဲ့ အကွယ်
တစ်နေရာတွင် ပုန်းနေပြီး အခြေအနေ
ကို စောင့်ကြည့်နေမိသည် ။

သူတို့ပြောတဲ့စကားတွေကိုတော့
သေချာ မကြားရ ။ ဒါပေမဲ့ သူတို့နှစ်
ယောက်ရဲ့ ပုံစံကိုကြည့်တာနဲ့ သမီးရည်းစား
အတွဲတွေဆိုတာ သိသည် ။ ဝယ်စရာရှိတာ
ဝယ်ပြီးတော့ သူတို့နှစ်ယောက်ပြန်ထွက်
သွားတော့သည် ။ သူတို့နှစ်ယောက်ထွက်
သွားတော့ Sora သည် အရှေ့ counter
နားက အရောင်းစာရင်းမလေးဆီသွားကာ
မေးတော့သည် ။

" ညီမ...ခုနက နှစ်ယောက်က
ဘာဝယ်သွားတာလဲ "

" စေ့စပ်လက်စွပ်ပါ မမလေး "

" ဪ....ကျေးဇူးပဲနော် "

" ဟုတ်ကဲ့..."

Sora စိတ်ထဲ နည်းနည်းတော့ခံပြင်းမိသည် ။
အတွင်းရေးမှူး Park သည် ချစ်သူရှိပါလျှက်နဲ့
အခုလိုမျိုးနောက်တစ်ယောက်နဲ့ ကွယ်ရာမှာ
ကြိတ်ပုန်းခုတ်နေတာက တစ်ကြောင်း ၊
နောက်ပြီး Jung Ki ကို လှည့်စားနေတဲ့
အတွင်းရေးမှူး Park ကိုစိတ်လဲတိုမိသည်။
ဘာပဲဖြစ်ဖြစ် သူနဲ့ Jung Ki က ဆိုင်သူ
မဟုတ်ပေမယ့်လည်း ထပ်ပြီး ဒီလိုမျိုး
အလိမ်အညာမခံစေချင်တာ သူမရဲ့စိတ်ရင်း ။
ဒါကြောင့် Jung Ki ကို သတိပေးရန်
ဆုံးဖြတ်လိုက်တော့တယ် ။
.
.
.
.
.
.
.
.

The Truth Untold Where stories live. Discover now