Unicode
" မမလေးပြောတဲ့နေရာကို
ရောက်ပါပြီ "" အင်း...ခဏစောင့်ပေးဦး "
" ဟုတ်ကဲ့ "
Sora နဲ့ အတွင်းရေးမှူး Kim တို့နှစ်ယောက်
လူရှင်းပြီး လမ်းသွားလမ်းလာနည်းတဲ့
နေရာမှာ ကားကို ခဏရပ်ထားကာ
တစ်စုံတစ်ယောက်ကိုစောင့်နေသည် ။
အတွင်းရေးမှူး Kim ကတော့ဘာလို့
ရမှန်းသေချာမသိသေး ။ ထိုအချိန်
Kim Chaeyoung ရောက်လာကာ
ကားနားသို့ရောက်လာသည် ။" မမလေးပြောတဲ့တွေ့စရာရှိတဲ့သူ
ဆိုတာ သူလား "" မမလေး...သူက..."
" ငါသိတယ်...သူ့ကို Lock
ဖွင့်ပေးလိုက် ပြီးတော့
ခဏရှောင်ပေး "" ဟုတ်ကဲ့...တစ်ခုခုလှန်းခေါ်ပါ
မမလေး.. ကျွန်မ ဒီအနားမှာပဲ
ရှိနေမယ် "" အင်း....ကျေးဇူး "
အတွင်းရေးမှူး Kim လည်း တံခါးကို
Lockဖွင့်ပေးပြီး သူကချက်ချင်းအပြင်
ထွက်သွားသည် ။" Sorry ကို နည်းနည်းနောက်ကျ
သွားတယ် "" ရတယ်...ကျွန်မလည်းအခုမှ
ရောက်တာ "" ကို့ကိုဆက်သွယ်လာတာ
ကိစ္စတစ်ခုခုကြောင့်လို့ထင်တယ် "" အင်း...ဟုတ်ပါတယ်..
အကူအညီတောင်းချင်လို့ပါ "" ပြောလေ Sora..."
" Sora လေ Kim Jungki နဲ့
လုံးဝဆက်ပြီး မပေါင်းနိုင်တော့ဘူး
Sora သူ့ကိုသည်းခံပေးခဲ့တာ
ငါးနှစ်ကျော်ခဲ့ပြီ...သူနဲ့ကွာရှင်းပြီး
Sora လွတ်လပ်ချင်ပြီ..လွတ်လပ်ပြီး
ကိုယ်ချစ်တဲ့သူနဲ့ပဲနေချင်ပြီ...Sora
ကို သူနဲ့ကွာရှင်းလို့ရအောင်ကူညီပါနော်
အဲလိုကူညီနိုင်တာလည်း ကို တစ်ယောက်ပဲ
ရှိတာမို့လို့ပါ "Kim Chaeyoung လည်း Sora လက်ကို
ဆုတ်ကိုင်ကာ ကတိစကားပေးလိုက်
မိသည် ။" ကို ကူညီပေးပါ့မယ်...
သူနဲ့ကွာရှင်းလို့ရအောင်
ကို လုပ်ပေးမယ်.."" Jungki က လွယ်လွယ်နဲ့ကွာရှင်း
မယ့်သူတော့မဟုတ်ဖူးနော် "" ကို သိတယ်..ကိုယ်တို့နည်းလမ်း
အတူတူစဥ်းစားကျမယ်နော်..
သူနဲ့ကွာပြီးတာနဲ့ ကိုယ်တို့အရင်လို
ပြန်နေရအောင် "
