" သား...လာလေအိမ်ထဲ "
Taehyung သူ့အိမ်ထဲသူဝင်ဖို့တောင်
တွန့်ဆုတ်နေသည် ။ သရဲအိမ်ဝင်ခါနီး
ရတတ်တဲ့ ကြောက်လန့်ခြင်းမျိုးကိုစိတ်က
ဖြစ်ပေါ်နေသည် ။ အိမ်လို့သာခေါ်ပေမယ့်
သူ့အတွက် အထီးကျန်ခြင်းအတိပြည့်နှက်
နေခဲ့တဲ့ ဒီအိမ်ကို လုံးဝပြန်မလာချင်တာ
အမှန်ပင် ။ ဒါပေမဲ့လည်း အထက်တန်း
ကျောင်းသားဘဝတုန်းကလိုတော့ မိဘနှစ်
ပါးလုံးက သူ့အပေါ် ဥပေက္ခာပြုမနေပါ ။
အမေဖြစ်သူက သူ့အပေါ် အနည်းငယ်
နွေးထွေးစပြုလာတာကိုလည်းသူ့စိတ်က
သတိထားမိသည် ။ ငယ်ငယ်ကတည်းက
ဂရုစိုက်မှူ ၊ နွေးထွေးမှုတွေနဲ့ နေသားမကျ
တာ ကြာလာခဲ့တော့လည်း အခုချိန်မှာ
စိမ်းသက်သက်ဖြစ်နေတဲ့အပြင် ဒီလိုအရာ
တွေကိုလည်းစိတ်က လိုအပ်မနေတော့ ။
ငါလိုအပ်နေတဲ့အရာက Soekjin ရဲ့
နွေးထွေးမှု ၊ ဂရုစိုက်မှု တစ်ခုတည်းသာ ။မရောက်တာကြာပြ်ီဖြစ်တဲ့ သူ့အိမ်က
သူနေခဲ့သလိုမဟုတ်တော့ ။ Sofa Set
တွေ အိမ်တွင်အပြင်အဆင်တွေ အားလုံး
ပြောင်းလဲထားသည် ။ အိမ်ထဲရောက်တာ
နဲ့ Sofa ပေါ်အရင်ထိုင်လိုက်ပြီး အိမ်ကို
မျက်စိဝေ့ကြည့်နေသည် ။" သား...အခန်းထဲနားလည်းရတယ်
နော်... အမေသားအခန်းပြန်ပြင်ပေးထား
တယ် "" ရပါပြီ...မနားတော့ဘူး.. ခဏနေ
ထမင်းစားကျတော့မှာပဲ... ဒါနဲ့
ဧည့်သည်ဆိုတာဘယ်သူလဲ "" သားအဖေရဲ့စီးပွားဖက်ပဲသား.."
" ဪ... "
" မေမေ..."
ထိုအချိန်အိမ်ပေါ်က ညီမ ဖြစ်သူ
အငယ်မလေးက ဆင်းလာသည် ။
မုန်းတီးစိတ်မရှိပါပဲ ထိုကလေးမအသံ
ကြားရုံနဲ့ Taehyung ရင်ဘက်က
တစ်ချက်တစ်ချက် ထိုးအောင့်လာသည်။( တစ်နှစ်လုံးမှ ဒီတစ်ရက်ပဲ
တွေ့ရတာလေ... သည်းခံနော် )သက်ပြင်းတစ်ချက် ခိုးချရင်းစိတ်ထဲက
ချစ်ရသူရဲ့ အမှာစကားကိုကြားယောင်
လာကာ စိတ်ကိုလျှော့ချလိုက်သည် ။" သမီးရေ....ကိုကိုရောက်နေတယ် "
" ဟမ်....ဟုတ်လား မေမေ "
ညီမဖြစ်သူက ဧည့်ခန်းထဲကိုလျင်မြန်တဲ့
ခြေလှမ်းတွေနဲ့ ဝင်ရောက်လာပြီး
အစ်ကိုဖြစ်သူရဲ့ ဘေးနားတွင်ဝင်
ထိုင်လိုက်ကာ