Unicode
Sora သည် Soekjin ရဲ့အိမ်ကနေ
သူမရဲ့အိမ်ကို Taxi နဲ့ပဲ ပြန်လာလိုက်
တော့သည် ။ ခါတိုင်း Soekjin ဆီမှ
ပြန်လာတဲ့စိတ်ခံစားချက်နဲ့ အခုစိတ်ခံ
စားချက်နဲ့ ကွဲပြားနေတယ်ဆိုတာ သူမ
ကိုယ်တိုင်လည်း သတိထားမိခဲ့သည် ။
Soekjin နဲ့အတူရှိနေရင် သူမ ပျော်သည် ။
စိတ်ပင်ပန်းမှုတွေပျောက်ပြီး ခဏတာ
စိတ်ပျော်ရွှင်မှူရခဲ့သည် ။ သူမအတွက်
တော့ Soekjin က ငြိမ်းချမ်းရေးအသွင်
ဆောင်ထားတဲ့ ဆည်းလည်းလေးလိုပါပဲ ။
ဘယ်လောက်သာပူလောင်တဲ့အရပ်ကနေ
လာပါစေ...သူ့ရင်ခွင်ရောက်ရင်နွေးနေ
တာမျိူးပေါ့ ။ နောက်တစ်ခု သိသွားတဲ့
အချက်တစ်ခုရှိပါသေးသည် ။ ထိုအချက်က
တော့ သူမ Soekjin ကို ချစ်မိသွားပြီဆိုတာ
ပါပဲ....။ လူတစ်ယောက်ကိုချစ်မိဆိုရင်
ပိုင်ဆိုင်ချင်လာတာ သဘာဝပါပဲ... ဒါကြောင့်
လည်း သူမ Soekjin ကိုပိုင်ဆိုင်ချင်လာ
တယ် ။ အခုလည်း သူမ Soekjin ပိုင်နေ
တယ်ဆိုပေမယ့် ထိုပိုင်ဆိုင်နေတာလေး
သည် ခဏတာမျှသာ ဖြစ်သည် ။ သူမ
ပိုင်ဆိုင်ချင်တာ တစ်သက်လုံးပိုင်ဆိုင်
နေခြင်းမျိုးဖြစ်နေသည် ။ ပိုင်ဆိုင်လုပ်ဖို့
အတွက်လည်းသူမမှာ သတ္တိတွေရှိလာခဲ့
ပြီဖြစ်နေသည် ။Tee.....Tee.....Tee
ကိုယ့်အတွေးနဲ့ကိုယ်ကျေနပ်နေရင်း
ဖုန်းဝင်လာတော့သည် ။ အတွင်းရေးမှူး
Kim ဆီဖြစ်သည် ။" Hello.... အတွင်းရေးမှူး Kim "
" မမလေး....Master Kai က
ဂျပန်မှာ ဆောက်မယ့် Hotel စီမံကိန်း
နဲ့ပတ်သတ်ပြီးဆွေးနွေးချင်လို့ပါတဲ့
ကျွန်မဆီဆက်သွယ်လာတယ် "" Hotel ကိစ္စနဲ့ပတ်သတ်ပြီး
အကုန်လုံးဆွေးနွေးပြီးသားလေ
သူကဘာကိုအတွန့်တက်ချင်ရတာလဲ "" ကျွန်မစိတ်ထင်ဆောက်လုပ်ရေး
ကာလကို ပိုပြီးတိုချင်တာဖြစ်မယ်
အသေးစိတ်ကိုတော့ မမလေး လူချင်း
တွေ့ဆွေးနွေးတာပိုကောင်းမယ်ထင်တယ် "" အင်း....သန်ဖက်ခါ Japan ကိုသွားမယ်
အစောဆုံး Flight ကိုစီစဥ်ထားပေး
အတွင်းရေးမှူး Kim ပါလိုက်ခဲ့ပေးပါ "" ဟုတ်ကဲ့...မမလေး "
" အင်း....See You "
Sora သည် ဖုန်းကိုဘေးကိုပစ်ချပြီး
ကားနောက် Sofa ကို ခေါင်းမှီကာ
အပြင်ဘက်ကမီးရောင်တွေကို
စိတ်လေးကန်စွာကြည့်နေမိပြန်သည် ။
