Unicode
Soekjin သည် ကျောင်းကိုစောစော
လာတတ်တဲ့ သူဖြစ်သည် ။ ဒီနေ့လဲ
သူရောက်နေတာစောတာမို့ စာသင်ခန်း
ထဲတွင် လူသိပ်မရှိ ။ Soekjin သည်
အားလပ်တဲ့အချိန်လေးတွေမှာ စာဖတ်ရတာ ၊
သီချင်းနားထောင်ရတာ တို့ဝါသနာပါသည် ။
ဒါကြောင့် ကျောင်းမတက်သေးခင် Mp3
လေးထုတ်ပြီး သီချင်းလေးနားထောင်နေ
လိုက်တယ် ။" Kim Soekjin...."
သီချင်းတောင်မဖွင့်ရသေးဘူး ဘေးနားက
နေ လူတစ်ယောက်ခေါ်သံကြားလို့
လှည့်ကြည့်လိုက်ရာ မိန်းကလေးအတန်း
ခေါင်းဆောင် Park Soohee ဖြစ်
နေသည် ။ သူနဲ့ဟိုတစ်ခါ canteen
မှာပြသာနာတက်ပြီးတတ်တဲ့သူဖြစ်သည်။
အဲတုန်းလည်း ဆရာက သူ့ကို မိန်းကလေး
အတန်းခေါင်းဆောင်နေရာမှ ဖြုတ်မပစ်ပဲ
ဆုံးမစကားပြော၍သာ လွှတ်လိုက်သည် ။" ပြောလေ...Park Soohee "
" ဒါလေးကို Kim Taehyung
ကို ပေးပေးပါ "Park Soohee လက်ထဲက အလှစက္ကူ
အထုတ်လေးဖြစ်သည် ။ ဘာလဲတော့
မသိ ။" နင်ပေးချင် ကိုယ်တိုင်ပေးလို့
ရတာပဲ ဘာလို့ငါ့ကိုပေးခိုင်းတာလဲ "" နင်နဲ့ သူနဲ့က အမြဲသွားလာ
နေတာလေ Kim Taemin
ကိုပေးခိုင်းဖို့ကျတော့လည်း
အဲကောင်ပေးပေးမှာမဟုတ်ဘူး
ဒါကြောင့်နင့်ကိုပေးခိုင်းတာ "Park Soohee သည် အကူညီတောင်း
နေပေမယ့်လည်း လေသံနဲ့ မျက်နှာထားက
အကူညီတောင်းတဲ့ပုံ နည်းနည်းမှမပေါ် ။" ကောင်းပြီလေ...ငါပေးပေးမယ် "
" ရော့...ငါထားခဲ့ပြီ
သေချာကိုင် စျေးကြီးတယ် "Park Soohee ပြောပြီးဆိုပြီးတာနဲ့
အခန်းထဲကထွက်သွားတော့သည် ။ ကျေးဇူး
တင်စကားပြောရကောင်းမှန်းလဲ နားမလည် ။
Soekjin ကတော့ တစ်ခါကြုံဖူးရုံနဲ့
စိတ်ကိုသိနေပြီမို့ ခေါင်းထဲမထားတော့ ။
ထိုအချိန် စာသင်ခန်းထဲကို Taemin နဲ့
Taehyung ဝင်လာတော့သည် ။
နာရီကိုကြည့်တော့ စာသင်ချိန်စဖို့
နာရီဝက်လောက်လိုနေသေးသည် ။" ဒုက္ခပဲ...ငါ့မှာထီးမပါဘူး "
Soekjin က Taehyung တို့
ခုန်အနားကိုလျှောက်လာပြီးပြောတော့
သည် ။ ဟိုနှစ်ယောက်ကလည်း စကားတုံးတိ
ကြီးကို နားမလည် ။