Unicode
အခန်း Service ပေးနေတဲ့အချိန်မှာပင်
အဝင် Call တစ်ခုဝင်လာတော့သည် ။
အလုပ်ထဲမှာမို့လို့ ဖုန်းကိုင်ဖို့စိတ်ကူးမရှိ
ပေမယ့် ဆေးရုံဆက်လာသည့်ဖုန်းဖြစ်နေ
သည့်အတွက် ကိုင်မှရတော့မည် ။" Hello.... "
" Kim Soekjin ဆေးရုံကို
အမြန်လာပေးပါနော် ရှင့်အအမေ
နှလုံးအမောဖောက်လာလို့ ချက်ချင်း
ခွဲစိတ်ခန်းဝင်ရမယ် "" ဗျာ...ဟုတ်...ဟုတ်ကဲ့
အခုလာခဲ့ပါ့မယ် "Soekjin ဖုန်းကိုအမြန်ချပြီး
Manager ဆီတန်းပြေးတော့သည် ။" ဂျာကြီး...ကျွန်တော်အခု
ပြန်ချင်တယ် အမေ နှလုံးအမော
ဖောက်လာလို့တဲ့ဆေးရုံကဖုန်းလှမ်း
ဆက်တယ် "" ဟေ....ရုတ်တရပ်ကြီးပါလား
အေးအေး...မင်းပုံမှန်အတိုင်းဆို
ငါခွင့်ပြုပါတယ် ဒါပေမဲ့အခုက
မင်းနာမည်နဲ့ by name service
ပေးနေရတာဆိုတော့ ဧည့်သည်ကို
အရင်ခွင့်တောင်းလိုက်ဦး "" ဟုတ်ကဲ့...ဂျာကြီး
ဒါဆိုကျွန်တော်ခွင့်သွားတောင်း
လိုက်အုံးမယ် "" အေးအေး "
Soekjin လည်း Sora အခန်းဆီ
ပြန်လာပြီးခွင့်ပြုချက်တောင်းတော့
သည် ။" မမလေး..."
Sora ဆေးလိပ်သောက်နေရင်းနဲ့
အံ့သြနေတဲ့မျက်ဝန်းတွေနဲ့ Soekjin
ကို ကြည့်လိုက်မိသည် ။ မျက်နှာမှာ
စိုးရိမ်မှုတွေပြည့်နေတဲ့ Soekjin ရဲ့
မျက်နှာက သူမကို အံ့သြစေသည် ။" ပြောလေ "
" ကျွန်တော်အရေးကြီးကိစ္စလေး
တစ်ခုပေါ်လာလို့ အဲဒါ Service
ပေးတာလူချိန်းလို့ရမလား မမလေး "" ဘာဖြစ်လို့လဲ "
" ကျွန်တော့်အမေ နှလုံးအမောဖောက်လာ
လို့ပါ "" ရပါတယ်...အဲဒါဆိုလဲသွား..
လူတော့ချိန်းမနေနဲ့ တို့လဲအခုပြန်မှာ "" ဟုတ်ကဲ့...ကျေးဇူးပါ
မမလေး "ခွင့်ပြုချက်ရသည်နှင့် Soekjin အခန်း
ထဲနေ ဟန်တောင်မဆောင်ပဲပြေးထွက်
သွားတော့သည် ။ Sora ကတော့
ထွက်သွားတဲ့ Soekjin ကို ကြည့်ရင်း...