Episode 22

1.1K 159 51
                                        

Unicode

" သင်ကြားမှုတွေ ပြီးဆုံးသွားပါပြီ
အားလုံးလဲ သုံးရက်ဆက်တိုက် side
ထဲမှာ တစ်နေကုန်လေ့လာနေကျရတာ
ဆိုတော့ ပင်ပန်းကျရောပေါ့ .... "

" ဟုတ်ပါတယ်....."

" ကဲ....မနက်ဖြန်ကျရင် ပျော်စရာ
အစီအစဥ်လေးတွေ စီစဥ်ပေးထား
တာမို့ ဒီနေ့ကောင်းကောင်းအနားယူ
လိုက်ပါဦး "

" ဟုတ်ကဲ့...."

ပထမနှစ် ဗိသုကာကျောင်းသား
တွေအားလုံးအတွက် Side နဲ့
တည်းခိုရာ hotel သွားရေးလာရေး
လွယ်ကူရန် Bus စီစဥ်ပေးထားသည် ။
ကျောင်းသားအားလုံးလဲ နောက်ဆုံး
ကွင်းဆင်းလေ့လာရေးပြီးသွားပြီမို့
Hotel ကိုပြန်လာနေကျသည် ။

Soekjin နဲ့ Taehyung ကဘေးချင်း
ကပ်ထိုင်နေကျပြီး Soekjin ကတော့
အစွန်မှာထိုင်ကာ Taehyung ကတော့
ပြတင်းပေါက်ရှိတဲ့ဘက်မှာထိုင်သည် ။
Taehyung ကတော့ကားပေါ်မှာအိပ်ပျော်
နေပေမယ့် Soekjin. ကတော့အိပ်မပျော်
နိုင် ။ ဆေးရုံမှာရှိနေတဲ့ သူ့အမေအဆင်
ပြေပါ့မလားဆိုတဲ့အကြောင်း ၊ မမလေး
ပြန်လာရင် သူဘယ်လိုဆက်လုပ်ရင်
ကောင်းမလဲ ဆိုသည့်အကြောင်း ၊ အခုချိန်
မှာသူ့အမေသတိရလာခဲ့ရင် သူဘယ်လို
ပုံစံနဲ့ မမလေးလက်အောက်ကရုန်းထွက်
ရမလဲဆိုတဲ့အကြောင်း ပေါင်းစုံနေသည် ။

မမလေးက ကျွန်တော်နဲ့ ငွေကြေးအရ
ပတ်သတ်နေကျတယ်ဆိုပေမယ့်လည်း
မမလေးရဲ့ အပြုအမူ ၊ ကျွန်တော့်ပေါ်
မှာထားတဲ့စိတ်က ငွေကြေးဆိုတဲ့ တိုင်းတာ
ချက်ထက်ပိုတာ ကျွန်တော်သိပါတယ် ။
အချိန်တန်လို့ရုန်းထွက်ချင်ရင်တောင်
မမလေးရဲ့ ကျေးဇူးတွေက ကျွန်တော့်
အပေါ်များလွန်းနေတော့..ကျွန်တော်ရုန်း
ထွက်နိုင်ပါ့မလားဆိုတဲ့ အတွေးတွေ
လည်းဝင်တယ်...မမလေး ပြန်လာခဲ့ရင်
ကျွန်တော် ဘယ်သူ့ကိုအချိန်ပိုပေးပြီး
ဘယ်သူ့အနားမှာ နေရမှာလဲ...တစ်ယောက်
က ကျေးဇူးရှင်...တစ်ယောက်ကတော့
နှလုံးသားပိုင်ရှင်...Taehyung ကိုလည်း
တစ်ယောက်တည်း မပစ်ထားနိုင်သလို
မမလေးကိုလည်း ကျေးဇူးမကန်းရက်ဘူး
ဘာလို့...ကျွန်တော့်ကျမှ အခုလိုကံတရား
ကြီးကဖန်လာရတာလဲ...

အတွေးလွန်နေခဲ့တာ Hotel ကို
ရောက်မှန်းမသိရောက်ခဲ့ရတော့
သည် ။ အကုန်လုံးအလျှိုလျှိုကား
ပေါ်ကဆင်းကျတော့ Soekjinလည်း
အိပ်ပျော်နေတဲ့ Taehyung ကို သာသာ
လေးလှုပ်နိုးတော့သည် ။

The Truth Untold Where stories live. Discover now