Unicode
" အမေ ဘာလုပ်နေတာလဲ "
Soekjin အမေသည် အိမ်ရှေ့ Sofa ပေါ်
ထိုင်ရင်း သိုးမွေးထည်လေးထိုးနေသည် ။" အမေသားအတွက် ဆွယ်တာထိုး
နေတာသားရဲ့...ဪ...ဧည့်သည်ပါတာပဲ
သားသူငယ်ချင်းလား "" ဟုတ်တယ်အမေ...ဒါကျွန်တော့်သူ
ငယ်ချင်းတွေလေ သူက Kim Taemin
သူက Kim Taehyung.. အမေ့ရဲ့ကျန်းမာ
ရေးအခြေအနေသိချင်လို့ သတင်းလာ
မေးတာ "" ဪ...သားတို့ရယ်...အန်တီက သက်သာ
နေပါပြီ.. အပင်ပန်းခံပြီးလာရတယ်လို့ "" ရပါတယ်.. အန်တီ ကျွန်တော့်တို့
လာချင်နေတာကြာပါပြီ..."Taemin က စကားစပြောပေမယ့် Taehyung
ကခုထိမပြောသေး ။" ကျွန်တော့်ကို မှတ်မိလား အန်တီ "
" အင်း.. သားကိုလေ အန်တီတစ်နေရာရာ
မှာ မြင်ဖူးနေသလိုရှိနေသလိုပဲ.. "Soekjin အမေသည် Taehyung ကို
သေချာကြည့်ရင်း စဥ်းစားလိုက်တော့
မျက်ဝန်းတွေဝိုင်းစက်ကုန်သည် ။" ဟယ်...သားက...သူဋ္ဌေး Kim တို့ရဲ့
သားကြီးမလားဟင် "" ဟုတ်ပါတယ်....ကျွန်တော်ပါပဲ "
Soekjin အမေသည် Sofa မှထလာပြီး
Taehyung ရဲ့ပုခုံးနှစ်ဖက်ကိုဆုပ်ကိုင်
ကာ ပွေ့ဖက်မိလိုက်သည် ။ Soekjin ရဲ့
အမေသည် သူသူဋ္ဌေးအိမ်မှာအလုပ်လုပ်
ကတည်းက Taehyung လေးအပေါ်
ကရုဏာ ပိုနေမိသည် ။ ညီမဖြစ်သူလောက်
ဂရုစိုက်မခံရတဲ့ Taehyung လေးကို
ကိုယ့်သားလေးပမာ စေတနာလည်းရှိ
ခဲ့သည် ။" အန်တီသားရဲ့သူငယ်ချင်းလာဖြစ်
လိမ့်မယ်လို့မထင်ထားဘူးသားရယ် "" ဟုတ်... အန်တီ "
" ကဲကဲ...သားတို့ထမင်းစားပြီးမှ
ပြန်ကျနော် အန်တီမီးဖိုချောင်ဝင်
ဦးမယ်...သားတို့အေးဆေးစကား
ပြောကျနော် "" ဟုတ်အန်တီ "
Soekjin အမေလည်း မီးဖိုချောင်ကိုဝင်
သွားတော့သည် ။ ဧည့်ခန်းတွင်သုံးယောက်
ထိုင်နေရင်း Soekjin ကအဝတ်အစားလဲ
ရန်အခန်းထဲဝင်သွားသည် ။" Soekjin တိုက်ခန်းကို ငါအခုမှ
ရောက်ဖူးတယ်... မိုက်တယ်နော် "