Episode 20

1.1K 164 23
                                        


Unicode

မြူမှုန်တွေစိုင်းတဲ့ သဘာဝတောအုပ်လေး
သူရော ကျွန်တော်ရော ရောက်ရှိနေခဲ့တယ်။
သူ့လက်ကလေးကို ကျွန်တော်တွဲပြီး သာယာ
တဲ့ တောအုပ်လေးထဲမှာ ပြေးနေခဲ့တယ်လေ။
မြူတွေစိုင်းနေတဲ့ ပတ်ဝန်းကျင်ကိုနောက်ခံ
ထားပြီး ပြုံးပျော်နေတဲ့ သူ့မျက်နှာလေးကို
ကြည့်ရတာ ကျွန်တော့်အတွက် သိပ်ကို
ကြည်နူးစရာကောင်းတဲ့ မြင်ကွင်းပါပဲ....။

ဒါပေမဲ့ ရုတ်တရက်ကြီး သူ့ရဲ့ခြေလှမ်းတွေ
ရပ်ပစ်လိုက်တယ် ။ ဘာလို့ရပ်လိုက်တာလဲ
ဆိုတာ ကျွန်တော်ကြည့်လိုက်တော့ အရှေ့မှာ
အဆုံးမရှိအောင် နက်နဲလွန်းတဲ့ချောက်ကြီး
တစ်ခုရှိနေတယ် ။ ဆက်သွားလမ်းမရှိတာမို့
ချောက်ထဲခုန်ချမှပဲရတော့မယ် ။ ဒါကြောင့်
သူရော ကျွန်တော်ရော ဒီချောက်ထဲကို ခုန်
ချမှရတော့မယ် ။ သို့ပေမယ့် သူကတွဲထား
တဲ့ကျွန်တော့်လက်ကိုဖြုတ်ချပစ်လိုက်တယ်။
ကြောက်လန့်နေတဲ့ပုံပေါ်ပြီး မျက်ဝန်းအိမ်
ကလည်း မငြိမ်မသက်ဖြစ်နေခဲ့တယ်။ သူ
ကျွန်တော်နဲ့အတူ ဒီချောက်ထဲကိုခုန်ချဖို့
ကြောက်နေပုံပေါ်တယ် ။

ကျွန်တော်သူ့ကို လက်ကမ်းပြီး အတူတူ
ခုန်ချရန်ခေါ်ပေမယ့်လည်း သူကျွန်တော့်
ကိုလျစ်လျူရှုကာ ထွက်သွားချေပြီ.... ။
ကျွန်တော်ကိုယ်က ရူးမိုက်ခဲ့တာပါ ။
သူမလိုက်နိုင်မှန်းသိတဲ့လမ်းကို အတင်း
မခေါ်ခဲ့သင့်ဘူး ။ အခုတော့ ချန်ထားခဲ့သူ
ထက် ကျန်ရစ်ခဲ့သူက ပိုကာနာကျင်ရတော့
တယ်....။

ထိုအိပ်မက်က ကျွန်တော်လန့်နိုးလာ
တော့ ပါးပြင်မှာမျက်ရည်တွေရွှဲနေခဲ့တယ်။
အိပ်မက်ကတောင်ကျွန်တော့်ကို နာကျင်
စေပါတယ် ။ ထိုအချိန်ကျွန်တော်သတိ
ထားမိလိုက်တော့ ကျွန်တော့်ရဲ့
ပုခုံးကို သိုင်းဖက်ထားတဲ့
သူ့လက်ပါပဲ ။ နောက်လည်ဂုတ်လေးပေါ်
ကျရောက်နေတဲ့ သူ့ရဲ့ဝင်သက်ထွက်သက်
လေးနဲ့တင် စောနကနာကျင်မှုတွေ ပျောက်
သွားရပြန်တယ် ။ သူကတော့အိပ်မောကျ
နေတဲ့ပုံပါပဲ ။ အိပ်ပျော်နေတဲ့ သူ့မျက်နှာ
လေးကို ကျွန်တော်ကြည့်ချင်လာတယ်။
သူ့မျက်နှာလေးကို ဒီလိုအချိန်ပဲ တဝကြီး
ကြည့်လို့ရတာမလား ။

The Truth Untold Where stories live. Discover now