Unicode Version
"ရွှမ်းရှောင်ကို ငါလာသွားတယ်လို့ မပြောနဲ့နော်။ သူက မနာလိုဖြစ်နေတာ။ သူ မင်းကို သေသေချာချာ ဝှက်ထားတာကို ငါလုယူသွားမှာ စိုးနေတာ"
မင်းမပြောဘူးလား?
ရှန်ယုက သူ့အဆောင်ထဲ၌ ပုန်းကာ တွေးနေသည်။ ရှောင်ဇီယဲ့က အင်ပါယာဆိုတာတောင်မှ ရှန်ယုက ကြောက်မသွားချေ။ သူက ကြင်နာတဲ့ပုံ ပေါက်လို့လား? သူ့ရဲ့ တောက်ပတဲ့အပြုံးကြောင့်လား? ချန်ပိုင်ဝမ်နဲ့ နေတာ ကြာလို့လား? ဒါကြောင့် သူပိုပြီး သတ္တိရှိသွားတာလား?
ဘယ်သူက သေမင်းတမန်ထက် ဘယ်သူ့ကို ပိုကြောက်မှာလဲ?
ချန်ပိုင်ဝမ် တံခါးဖွင့်ကို ခြေထောက်နှင့်ကန်ကာ ဝင်လာစဥ် ရှောင်ဇီယဲ့က ထွက်သွားလေပြီ။ "ဗုန်း"ဆိုသော အသံကြောင့် ရှန်ယုလန့်သွားလေသည်။ ကျားဝင်လာသလား အောက်မေ့ရတယ်။ ချန်ပိုင်ဝမ် စိတ်မကြည်နေချေ။ သူ့မျက်နှာက ရေခဲလို အေးစက်နေသည်။ ရှန်ယု လန့်သွားမိသည်။ ချန်ပိုင်ဝမ် စိတ်ကြည်နေချိန် သူက သိုးပေါက်လေးလို ညင်သာလှသည်။ ဒေါသထွက်နေလျှင်တော့ ရှန်ယု ကြောက်မိသည်။
မည်သူမျှ အဆောင်ထဲ၌ မရှိသည်ကို မြင်တော့ ချန်ပိုင်ဝမ် အနည်းငယ် စိတ်အေးသွားလေသည်။
"ဘာလို့ အရှင်လာတာလဲ?" ရှန်ယု စာရွက်၌ ရေးပြလေသည်။
"အမ်?"
ချန်ပိုင်ဝမ်က ထိုင်ကာ ရေနွေးတစ်ငုံ သောက်လိုက်သည်။
"သူခိုးကိစ္စ ဖြေရှင်းနေရလို့။ မင်းကို လာတွေ့ဖို့ ကြာသွားတာ"
ရှန်ယုက ချန်ပိုင်ဝမ်ကို နားမလည်စွာ ကြည့်လိုက်သည်။ အိမ်တော်ထဲကို သူခိုးဝင်တယ်။
"သူခိုးလေး တစ်ယောက်ပါ။ သူ့လက်တွေကို ဖြတ်ခိုင်းပြီး လူသားအသားချောင်း လုပ်ခိုင်းထားတယ်။ ပြီးတော့ နှင်းတောထဲ ပစ်ချထားခိုင်းထားတယ်။ ရှန်ယု တုန်လှုပ်သွားလေသည်။ ဆောင်းတွင်းကြီး ခြေတွေလက်တွေ မရှိပဲနဲ့ သူခိုးက ဘယ်လိုလုပ် အသက်ရှင်မှာလဲ? ချန်ပိုင်ဝမ်က ဒီလို ရက်စက်တဲ့အလုပ်တွေ လုပ်တဲ့အခါ မျက်တောင်တစ်ချက်မျှ မခတ်ဘူး။
YOU ARE READING
Silent Lover (novel)
Historical FictionBurmese translation (Both U+Z) This story doesn't belong to me. All credits go to original author Qiang Tang. ရက်စက်တဲ့ မင်းသားက ကျင်းတိုင်းပြည်ရဲ့ နံပါတ်တစ်အလှဆုံးမိန်းကလေးကို တော်ကောက်လိုက်တယ်။ သူမအစား မိန်းကလေးလိုမျိုး လှပပြီး စကားမနိုင်တဲ့ ယောင...