Unicode version
မင်သား ရောက်လာသည်။
သူ၏ခြေလှမ်းများက အေးစက်ကာ ကြောက်စရာကောင်းလှသည်။
မျက်လုံးမှိတ်ကာ နားနေသော ကြင်ယာတော်ကလည်း မြန်မြန်ထကာ ကြိုဆိုလေသည်။
"အရှင့်သား..."
တချက်ကြည့်လိုက်တော့ မင်ူသားက မြေပြင်မှာ ဒူးထောက်နေတဲ့ ရှန်ယုကို မြင်လိုက်သည်။ သူရဲ့ သွယ်သောမျက်နှာကြည့်ကောင်းသောရုပ်က မာထန်သွားသည်။
"သူမက ဘာလို့ ဒီရောက်နေတာလဲ"လို့ မင်းသားက ကြင်ယာတော်ကို မေးလိုက်သည်။
"အမ်..." ကြင်ယာတော်က အဖြေရှာမိနေသည်။ "သူမပထမဆုံး ဂါဝရပြုရမယ့်နေ့မှာ အကြီးမရိုသေလို့ပါ။ ဒါကြောင့်ကျမက သူ့ကို စည်းကမ်းရှိလာအောင် အပြစ်ပေးနေတာ"
"အပြစ်ပေးတယ်?" လို့ မင်းသားက မရှင်းမလင်းကာ မေးသည်။ "မင်းက စည်းကမ်းတွေထုတ်တာ ထင်တယ်။ သူမက မင်းကို ဘာလုပ်လို့လဲ?"
ကြင်ယာတော်က မြန်မြန်ပင် "သူမက အကြီးကို ဂါဝရပြုရမှာကို မသိပဲ နေ့လည်အထိအိပ်နေတာပါ။ ကျမက နည်းနည်းမေးတာနဲ့ပဲ သူမကို အရှင့်သားက နှစ်သက်တယ်ဆိုပြီး ကျမကို ရိုရိုသေသေ မဆက်ဆံပါဘူး။ ဒါကြောင့် ကျမ စိတ်မထိန်းနိုင်ပဲ သူမကို ဒီနေရာမှာ ဒူးထောက်ခိုင်းထားတာပါ"
မင်းသားမျက်လုံးများ တောက်ပလာကာ "အခုထိ ဒူးထောက်ခိုင်းထားတာပေါ့?"
"ဟုတ်တယ်... လေးနာရီ ခြောက်နာရီလောက်ရှိပြီ... ထင်တယ်?"
မင်းသားက မျက်နှာတည်နဲ့ "ပြီးတော့ တခြားဟု ရှိသေးလား?"
"ရှိသေးတယ်!" လို့ ကြင်ယာတော်က ဆက်ပြောတယ်။ "သူက အနေတာပဲ! ရှန်မိသားစုက အနေတဲ့သူကို မွေးထားတယ်။ ကြည့်ရတာ တခုခုတော့ တခုခုပဲ အရှင့်သား!"
မင်းသားက တစ်ချက်ကြည့်ပြီး "ငါကိုယ်တော် သိတယ်" လို့ ပြောသည်။
"အရှင့်သားသိတယ်?" လို့ ကြင်ယာတော်က အံ့ဩတကြီးနဲ့ ပြန်မေးလိုက်သည်။ "ဒါဖြင့် သူမကို ကိုယ်လုပ်တော်အဖြစ် ဆက်ထားဦးမှာလား? သူမကို ပြန်လွှတ်တာ ပိုကောင်းမယ်ထင်တယ်!"
YOU ARE READING
Silent Lover (novel)
Historical FictionBurmese translation (Both U+Z) This story doesn't belong to me. All credits go to original author Qiang Tang. ရက်စက်တဲ့ မင်းသားက ကျင်းတိုင်းပြည်ရဲ့ နံပါတ်တစ်အလှဆုံးမိန်းကလေးကို တော်ကောက်လိုက်တယ်။ သူမအစား မိန်းကလေးလိုမျိုး လှပပြီး စကားမနိုင်တဲ့ ယောင...