အပိုင်း (၄၅) တစ်ညလုံး ဧကရာဇ်တစ်ပါးနဲ့ နေခဲ့တာ ပျော်ရဲ့လား?

1K 78 13
                                    

Unicode Version

ရှန်ယု တစ်ညလုံး ခေါင်းနောက်နေကာ ဆက်အိပ်နေလိုက်ပြီး မနက်ရောက်မှ နိုးလာသည်။ ထပြီး ကြည့်လိုက်တော့ သူက ဧကရာဇ်ယဲ့၏ ရင်ခွင်ထဲ၌ ‌အိပ်နေခဲ့သည်ကို သိလိုက်ရသည်။ ရှောင်ဇီယဲ့က တစ်ညလုံး နံရံကို မှီကာ ထိုင်လျှက် အိပ်နေသည်။

သူက ‌လူကောင်းမှန်း ရှန်ယု သိသည်။ သို့သော် ချန်ပိုင်ဝမ်က သူ့ကို အထင်လွဲမည်ကို စိုးရိမ်နေမိသည်။ ရှန်ယု ရှောင်ဇီယဲ့အား မကောင်းဆိုးဝါးဟု ခေါ်ဝေါ်ခြင်းကို မရပ်တန့်နိုင်သော်လည်း ထိုလူက သူ့ကို ကယ်တင်ခဲ့သည်။ ရှန်ယု သူ့ကို မမုန်းနိုင်ပါ။

ရှန်ယု ထထိုင်လိုက်သည်။ တညလုံး ဖျားနာ‌ခဲ့ကာ ဘာမျှ မစားရသေးသည့်အတွက်ကြောင့် တကိုယ်လုံး အားမရှိ။ ထ,ထခြင်း ပြန်လဲကျသွားသည်။

"မလှုပ်နဲ့" ရှောင်ဇီယဲ့က နိုးသွားကာ ရှန်ယု့ကိုယ်ကို ထိန်းပေးရန် လက်ကို ဆန့်ထုတ်လိုက်သည်။ "ငါမင်းကို သယ်သွားမယ်။ ရွှမ်းရှောင်လည်း မင်းကို မျှော်နေရောပေါ့"

ရှန်ယု ခေါင်းမာစွာဖြင့် ငြင်းပယ်ကာ မဲမဆွယ်နိုင်သောကြောင့် ရှောင်ဇီယဲ့ သက်ပြင်းချလိုက်သည်။

"မင်း ငါ့ကို သယ်ခွင့်မပေးရင် ငါတို့နှစ်ယောက် ချောက်အောက်မှာ ပိတ်မိနေတာကို ရွှမ်းရှောင် ဘယ်လိုလုပ် သိနိုင်မှာလဲ? ရွှမ်းရှောင်ကို မမြင်ချင်ဘူးလား?"

ရှန်ယု၏ စိတ်ပျက်နေသော မျက်လုံးများက ‌နောက်ဆုံးတော့ လင်းလက်သွားသည်။ သူတွေ့ချင်တာပေါ့။ သူ သတိလစ်နေသောအချိန်မှာတောင်မှ သူ့ကိုယ်သူ ရှောင်ဟွားအဆောင်မှာလို့တောင် ထင်နေတာ။ ချန်ပိုင်ဝမ် သူ့ကို လွှတ်မပေးရင်တောင်မှ ထိုနေရာက အလုံခြုံဆုံးဟု သူခံစားရသည်။

"ကောင်းပြီလေ" ရှောင်ဇီယဲ့ ပြုံးလိုက်သည်။ သူက ဧကရာဇ်တစ်ပါးဖြစ်ကာ လူများ၏ စိတ်ဆန္ဒကို ကောင်းစွာ ခန့်မှန်းနိုင်သည်။

ရှန်ယု၏ ခြေလှမ်းများက ယိမ်းယိုင်နေသည်။ နှင်းများက ဒူးလောက်အထိ ထူထပ်နေကာ ရှောင်ဇီယဲ့ကပင် ရွေ့နိုင်အောင် အားထုတ်ပေးရသည်။

Silent Lover (novel)Where stories live. Discover now