Unicode version
နှစ်ကုန်ခါနီးဖြစ်လို မင်းသားက မြောက်ဖက်မှာ တာဝန်ကျနေတဲ့ အရာရှိတွေကို စားသောက်ပွဲကို လာဖို့ ဖိတ်လိုက်သည်။ မင်းသားအဆောင်ထဲမှာရှိတဲ့ လူတိုင်း ပြင်ဆင်နေပြီး ကြင်ယာတော်က ကြီးကြပ်ရသည်။ ရှန်ယုကို နှိပ်စက်ဖို့ မအားတော့။
ဆုန်ကျွင်းကို မင်းသားက ခေါ်လိုက်သည်။ ရှောင်ဟွာအဆောင်မှာ ရှန်ယုတစ်ယောက်တည်းသာ။ ရှန်ယု သက်သာ ချောင်ချိသွားသလို ခံစားရသည်။
သူ့အမေက သူ့ကို ပိတ်ထားသလိုပင် အနည်းဆုံးတော့ လုံခြုံလေသည်။
စားသောက်ပွဲအတွက် မင်းသားရဲ့အဆောင်ကို ပြင်ဆင်ထားသည်။ အီးပုံးတွေထွန်းကာ ပျော်ရွှင်စရာ ကောင်းသော သီချင်းတွေနဲ့ ပြည့်နှက်နေသည်။ ညတိုင်အောင် ပျော်ပွဲရွှင်ပွဲ သေရည်ပွဲတွေက နေရာတိုင်းမှာ ပျော်မြူးကာ နေသည်။
"အရှင့်သားက ကျင်းတိုင်းပြည်ရဲ့ နံပါတ်တစ်အလှလေး တရားသူကြီးရှန်ရဲ့ သမီးကို လက်ထပ်ထားတယ်လို့ ကျနော်မျိုး ကြားထားတယ်။ မင်းသားရဲ့အဆောင်မှာ မတွေ့သလားလို့?"
သူတို့က ပျော်ပွဲရွှင်ပွဲဆိုတော့ မင်းသားကို စပ်စုကာ မေးနေတော့သည်။
"သူမက သိပ်ပြီး ကျန်းမာရေးမကောင်းဘူးလေ။ ဒါကြောင့် သူမက အဆောင်မှာ နားနေတာ"
"အရှင့်သား ကျနော်တို့ကို စိတ်မခုပါနဲ့။ သူမကို ထွက်လာခိုင်ပါလား?"
ကြင်ယာတော်က မနေနိုင်ပဲ ရယ်မိလိုက်သည်။ မင်းသားက ရှန်ယုကို ထွက်လာခိုင်းမယ်? သူ့ကို ပစ်ချထားပြီးပြီပဲ ဘာလို့ သူမမျက်နှာကို ပြရမှာလဲ?
"အရှင့်သား ကပ်စီးနည်းပြီး တစ်ယောက်တည်း အလှလေးကို ကြည့်နေတာ။ ကျနော်တို့ကို လည်း ကြည့်ခွင့်ပေးပါလား?..."
မင်းသားက ထရယ်ကာ "အလှလေးကို ဘာလို့ ဒီကိုယ်တော်က ကပ်စီးနည်းရမှာလဲ?" မင်းတို့ပြောတာမှန်တယ်။ တစ်ယောက်တည်း အလှလေးကို ကြည့်ပြီး သဘောကျနေတာထက် အားလုံးနဲ့အတူတူ သဘောကျတာက ပိုကောင်းတယ်။ ဆုန်ကျွင်း သူမကို ခေါ်လိုက်"
VOUS LISEZ
Silent Lover (novel)
Fiction HistoriqueBurmese translation (Both U+Z) This story doesn't belong to me. All credits go to original author Qiang Tang. ရက်စက်တဲ့ မင်းသားက ကျင်းတိုင်းပြည်ရဲ့ နံပါတ်တစ်အလှဆုံးမိန်းကလေးကို တော်ကောက်လိုက်တယ်။ သူမအစား မိန်းကလေးလိုမျိုး လှပပြီး စကားမနိုင်တဲ့ ယောင...