အပိုင်း (၂၁) အန္တရာယ်

1.8K 166 0
                                    

Unicode Version

ခြေထောက်တွေတုန်ကာ ဖိန်ရှစိ ရှန်ယု အခန်းမှ ဆေးဘူးကိုင်ကာ ထွက်လာသည်။

"သူ့ကိုယ်ကလည်း လှတာပဲ ဒါပေမဲ့ နည်းနည်းတော့တုံးတယ်။ ငါက ဆေးထည့်ပေးမလို့ကို တစေမြင်လိုက်တဲ့အတိုင်းပဲ... စကားကလည်း မပြောနိုင် ပျင်းစရာ..."

သူက ရှန်ယုကို ဆေးထည့်ပေးရုံသာ ဒါပေမဲ့ ရှန်ယုက ကြောက်သွားပြီး ဖြူဖျော့ကာသွားသည်။ မသိရင် ဖိန်ရှိစိက သူ့ကို သတ်တော့မလို။ ဖိန်ရှိစိ ဆေးထည့်ပြီး ချက်ချင်း ပြန်သွားသည်။

"သမားတော်ဖိန်!"

ရုတ်တရက် တစ်ယောက်ယောက်က သူ့ကို ခေါ်လိုက်သည်။ ဖိန်ရှိစိက လှည့်ပြီး ကြည့်တော့ မင်းသမီးကို ဝတ်နေကျဝတ်စုံကို ဝတ်ကာ ‌အမွေးအနံ့သာတွေက လှိုင်နေသည်။ သူမခေါင်းက ပန်းတွေကလည်း ခြေလှမ်းတိုင်း လှုပ်နေသည်။

"မလေးဘူးလား?"

ဖိန်ရှိစိက သူ့အမုန်းတွေကို ကွယ်ဝှက်ကာ ပြုံးလိုက်ပြီး ဦးညွတ်လိုက်သည်။

"တောင်းပန်ပါတယ် မင်းသမီး အဲလေ ကြင်ယာတော်"

ဖိန်ရှိစိကြည့်တော့ မင်းသမီးက တစ်ယောက်တည်း သူမအစေခံတွေရော ချီလော့တောင်မပါဘူး။

"ငါတို့က ရင်းနှီးတယ်လေ ယဉ်ကျေးနေစရာ မလိုပါဘူး"

မင်းသမီးက ခေါင်းမော့ကာ အရင်လိုမဟုတ်ပဲ စိတ်လှုပ်ရှားနေသည်။ မင်းသမီးလည်ူ ရှန်ယုသေခါနီးဖြစ်ကာ မင်းသားနဲ့ အိပ်ရာပေါ်မှာ သွေးတွေအန်တာဆိုတာကို ကြားပြီးပြီထင်တယ်။ မင်းသမီးက ပြဿနာပြီးပြီဆိုပြီး အိပ်နေတာတောင် ပျော်နေတယ်ထင်တယ်။

မင်းသမီးက ရှန်ယုသေတော့မယ်ဟုသာ ထင်နေသည်။ သူမက နေ့တိုင်း လှလှပပဝတ်ပြီး မင်းသားကို စောင့်နေသည်။ ဒါပေမဲ့ မလာခဲ့။ မင်းသားအဆောင်ကို လူလွှတ်ပြီး သူမကစောင့်ကြည့်စေသည်။ သူတစ်လှန်းမှမရွေ့ စစ်ရေးစစ်ရာနဲ့ အလုပ်ရှုပ်နေသည်။ မင်းသမီးက အရမ်းကို ဒေါသထွက်နေသည်။ မင်းသားက သူမထက် လူသေနဲ့ အတူနေနေရတယ်! သူမအကြာကြီး ပန်းအိုးတွေကို ခွဲနေသည်။

Silent Lover (novel)Where stories live. Discover now